၂ဝဝ၉ နောက်ပိုင်း ပထမဆုံး အကြိမ် ဝက်တုပ်ကွေး ပြန်ပေါ်လာ

  • 24 ဇူလိုင် 2017
Image caption အများ ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိလာ

မြန်မာနိုင်ငံမှာ H1N1 ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၁၃ ယောက် ရှိတယ်လို့ အစိုးရက အတည်ပြု ထားပြီး သေဆုံးသူ တစ်ဦး ရှိတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

ဝက်တုပ်ကွေး ရောဂါ လို့ အရပ်ထဲ ခေါ်ကြတဲ့ အဲဒီ H1N1 ဗိုင်းရပ်စ် ကူးစက် ခံရသူတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့အပြီး အများ ပြည်သူတွေကြား စိုးရိမ်တကြီး ပြောဆိုမှုတွေ ရှိလာ ခဲ့တဲ့နောက် အစိုးရဘက်က အခုလို တရားဝင် အသိပေး ထုတ်ပြန် ပေးလာတာ ဖြစ်ပါတယ်။

အခု ဇူလိုင်လထဲ ချင်းပြည်နယ်၊ မတူပီ မြို့မှာ H1N1 လူနာ ၁ဝ ယောက် အတည်ပြု ထားနိုင်ပြီး သေဆုံးသူ တစ်ဦးလည်း ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြော လာသလို၊ ရန်ကုန်မှာလည်း လူနာ ၃ ဦး ရှိနေတယ်လို့ ဆိုပါတယ်။

H1N1 ဗိုင်းရပ်စ် ကူးစက်မှုကို ရာသီ တုပ်ကွေးရောဂါ ရယ်လို့ အစိုးရက ညွှန်းဆို ခေါ်ဝေါ်ပြီး စိုးရိမ်မှုတွေ အလွန်အကျွံ မဖြစ်ကြဖို့ တိုက်တွန်း ထားပါတယ်။

မြန်မာ နိုင်ငံမှာ ဝက်တုပ်ကွေး ရောဂါ ကူးစက်မှု သတင်းဟာ ၂ဝဝ၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အခုလို ပြန်လည် ကြားလာရတာ ဖြစ်ပါတယ်။