ငြိမ်းချမ်းရေးအတွက် အစိုးရက အကြံဉာဏ်တောင်း

  • 29 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ငြိမ်းချမ်းရေးအတွက် ပြင်ပပုဂ္ဂိုလ်တွေကို NRPC မှာဖိတ်ခေါ်အကြံတောင်း

ငြိမ်းချမ်းရေးရရှိဖို့အတွက် အစိုးရက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို စတင်ကြေညာဖို့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလပုဂ္ဂိုလ်တွေက အကြံပြုခဲ့ကြပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေ၊ ပါတီတွေ၊ တသီးပုဂ္ဂလပုဂ္ဂိုလ်တွေကို အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဖိတ်ကြားပြီး ငြိမ်းချမ်းရေးအတွက် အကြံဉာဏ်တောင်းခံရာမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာဗညားအောင်မိုးနဲ့ တသီးပုဂ္ဂလိပုဂ္ဂိုလ်တချို့က အဲသလို အကြံပြုခဲ့ကြတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၉ ရက် စနေနေ့မှာဖိတ်ကြားခဲ့တာဖြစ်ပြီး အဲသလိုဖိတ်ကြားခဲ့တဲ့အထဲမှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်ဟောင်းတွေရဲ့ သားသမီးတွေကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

အစိုးရဘက်က ဦးကျော်တင့်ဆွေနဲ့ ဒေါက်တာတင်မျိုးဝင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ