ဦးဆွေဝင်းကို ရဲကဖမ်းလိုက်ပြီ

  • 30 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Shweinnthar Kin Maung Win
Image caption ၆၆ ဃနဲ့ ဦးဝီရသူရဲ့ တပည့်ကတိုင်ကြားခံရတဲ့ ကိုဆွေဝင်းကို ရဲကအခုဖမ်းလိုက်ပါပြီ

မြန်မာနောင်းအယ်ဒီတာချုပ် ဦးဆွေဝင်းကို ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာ ပုဒ်မ ၆၆ ဃ စွဲချက်နဲ့ ရဲက ဖမ်းဆီးလိုက်ပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့က ဦးဆွေဝင်းဟာ ဘန်ကောက် ရိုက်တာရုံးခွဲကို အသွားမှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

မန္တလေးမဘသ ဘုန်းတော်ကြီး ဦးဝီရသူဟာ ပါရာဇိကကျသွားပြီလို့ ဘုန်းတော်ကြီး တပါးရဲ့မိန့်ကြားချက်ကို ကိုးကားပြီး ဦးဆွေဝင်းက သတင်းရေးသားခဲ့တာကို ဦးဝီရသူရဲ့ တပည့်တယောက်က တရားလိုလုပ်ပြီး တိုင်ကြား အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံရရင် အာမခံမရနိုင်တဲ့အတွက် သြဂုတ်လ ၃ ရက်နေ့မှာ ရဲစခန်းကိုလာရောက်အဖမ်းခံဖို့ သဘောတူထားပေမယ့် ဦးဆွေဝင်း ဘန်ကောက်သွားမယ့်အလုပ်မှာ ရဲကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၆၆ ဃဟာ လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အန္တရာယ်ပြုနေတဲ့ ပုဒ်မတခုအဖြစ် ပြည်တွင်းမှာရော ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုဝေဖန်ခံနေရတဲ့ ဥပဒေပုဒ်မတခုဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ