အာဏာရှင်ဆန့်ကျင်ရေးသားသူကို ကျောင်းထုတ်

  • 30 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Saline Nein Tun
Image caption စစ်ကိုင်း ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

စစ်ကိုင်း ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှာ ရူပဗေဒဘာသာရပ်သင်ကြားနေတဲ့ ဒုတိယနှစ်ကျောင်းသား ဆလိုင်းနိန်ထွန်းဟာ ဖေ့စ်ဘုတ်ပေါ်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အရေးသားတွေ ရေးလို့ဆိုပြီး ကျောင်းတာဝန်ရှိသူတွေက ကျောင်းက ထုတ်ပယ်လိုက်ပါတယ်။

ဇူလိုင်လ ၂၈ ရက် မနက်ခင်းမှာ ကျောင်းကနှင်ထုတ်ခဲ့ပေမယ့် တရားဝင် ကျောင်းထုတ်တဲ့ စာကိုတော့ မရခဲ့ဘူးလို့ ဆလိုင်းနိန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ကျောင်းကထုတ်ပယ်ပြီးနောက် ကိုယ်ပိုင် ပစ္စည်းတွေသိမ်းပြီး ကျောင်းထဲကနေ ချက်ချင်းထွက်ခွာသွားဖို့လည်း ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်။

ဆလိုင်းနိန်ထွန်းဟာ မင်းတပ်မြို့က ကျောင်းသားတယောက်ဖြစ်ပြီး အဆောင်မှာနေတဲ့ ကျောင်းအိပ်ကျောင်းစားကျောင်းသားတယောက်ဖြစ်ပါတယ်။

ဆလိုင်းနိန်ထွန်းဟာ ဖေ့စ်ဘုတ်ပေါ်မှာ နှစ်ဖက်မြင်လူသားဆိုတဲ့ နာမည်နဲ့ တိုင်းရင်းသားအရေး၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးတို့ကို ရေးသားခဲ့တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

အရပ်သားအစိုးရတက်လာပြီးနောက် စစ်ကိုင်းတိုင်းအတွင်းမှာ ကျောင်းသားတယောက်ကို နိုင်ငံရေးကိစ္စအကြောင်းပြပြီး ကျောင်းထုတ်တာဟာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ပထမအကြိမ်ကျောင်းထုတ်ခံခဲ့ရသူဟာ စစ်ကိုင်း ပညာရေးကောလိပ်က မောင်ဇော်ရဲထွဋ်ဖြစ်ပြီး သူ့ကိုတော့ ပြောဆိုကန့်ကွက်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ကျောင်းပြန်တက်ခွင့် ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ