H1N1 ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိလို့ ကျန်းမာရေး ၀န်ကြီးပြော

  • 2 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် NOVARTIS PHARMACEUTICAL
Image caption H1N1 ပိုးဟာ ဆိုးဆိုးရွားရွား သေစေလောက်တယ် ဆိုတာ လူတွေကို အသိပညာပေးဖို့လို

ရာသီတုပ်ကွေး ရောဂါ H1N1 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေဖို့ ပညာပေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို မှတ်တမ်း အဖြစ်သာ ထားဖို့ ပြည်သူ့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လ ဒုတိယ အပတ်ကစလို့ H1N1 ရောဂါပိုး သံသယရှိသူကို ရန်ကုန်ဆေးရုံကြီးမှာ စတင်တွေ့ ရှိခဲ့ပြီး လက်ရှိ ဒီရောဂါပိုး ကူးစက်ခံရသူ ၇၀ ကျော်ရှိလာပြီး ဒီရောပါပိုးကြောင့် သေဆုံးသူ ၁၃ယောက်နီးပါး ရှိလာချိန်မှာ အခုလို ပြည်သူ့ လွှတ်တော်မှာ ပညာပေး လုပ်ငန်း လုပ်ဖို့ အဆိုကို မှတ်တမ်း အဖြစ်သာ ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီအရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းထွန်းက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်လို လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးကဆွေးနွေးပြီး အဲဒီအထဲက ၇ ဦးက အဆိုကို ထောက်ခံကာ ၃ ဦးက မှတ်တမ်းအဖြစ် ထားရှိဖို့ နဲ့ ၂ ဦးက အကြံပြု ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ အဆိုရှင်ဖြစ်သူ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက အဆိုကို အတည်ပြုပေးသင့်ကြောင်း ​ပြောကြားတဲ့အတွက်​ မဲခွဲဆုံးဖြတ်ရာမှာ ထောက်​ခံမဲ ၁၄၆မဲ ကန့်ကွက်​မဲ ၂၃၁မဲ ကြား​နေ၄မဲ ဖြစ်​လို့ အဆိုရှုံးနိမ့်ပြီး မှတ်​တမ်း အဖြစ်သာ တင်​ခဲ့ပါတယ်​။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကလည်း မှတ်တမ်း အဖြစ် ထားရှိဖို့ ဆွေးနွေးလာတဲ့အတွက် အဆိုကိုမဲခွဲတဲ့အခါ မှတ်တမ်းအဖြစ်ထားရှိဖို့ အတည် ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ မြို ကြီးတွေမှာသာ ပညာပေးလုပ်ငန်းတွေ အဓိက လုပ်ဆောင်နေတဲ့အတွက် ကျေးလက်နေ ပြည်သူတွေ ရောဂါကူးဆက်လာမှာကို စိုးရိမ်တာကြောင့် ဒီအဆိုကို အတည်ပြု ပေးဖို့ ဆွေးနွေးခဲ့တာ လို့ အရေးကြီး အဆိုတင်သွင်းခဲ့သူ ကျောင်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့တော့ လက်တလော ဖြစ်နေတဲ့ H1N1 ရောဂါကို ထိန်းချုပ်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ လွှတ်တော်အစည်းအဝေး အပြီးမှာ သတင်းထောက် တွေကို ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ