တောင်အာရှရဲ့ အပူလှိုင်း အန္တရာယ်

  • 2 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် NOAH SEELAM
Image caption အိန္ဒိယလယ်သမားတွေ အပူရှိန်နဲ့ ခြောက်သွေ့မှုဒဏ် ခံနေရ

အခုရာစုနှစ်အကုန် ၂၁၀၀ ပြည့်နှစ် လောက်မှာ ကမ္ဘာကြီး ပူနွေးလာမှုဟာ ရှောင်လွှဲလို့ မရနိုင်တဲ့ ပြဿနာ ဖြစ်လာပြီး အပူချိန်မြင့်တက်ကာ တောင်အာရှမှာ လူသန်းရာနဲ့ချီ ဒုက္ခရောက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးထားပါတယ်။

အိန္ဒိယ ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် တလွှားမှာ နွေကာလ အပူရှိန် အကြီးအကျယ် ပြင်းထန်လာနိုင်ပြီး လူသေစေလောက်တဲ့ အပူလှိုင်းဒဏ် ခံရနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒုမြစ်နဲ့ ဂင်္ဂါမြစ်ဝှမ်းတွေ တလျှောက်မှာ အများအပြား ရှိတဲ့ စိုက်ပျိုးရေးနဲ့ အသက်မွေးနေထိုင်သူတွေအပေါ် အများဆုံး ထိခိုက်လာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

တောင်အာရှ ဒေသဟာ ကမ္ဘာ လူဦးရေရဲ့ ငါးပုံတပုံ နေထိုင်ရာ အရပ်ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ