မောင်တော တောင်ပိုင်းမှာ မြိုတွေ အသတ်ခံရ

  • 3 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တည်ငြိမ်မှု အားနည်းတဲ့ မောင်တောဒေသ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းမှာ တောင်ယာ လုပ်နေတဲ့ မြိုလူမျိုး တွေကို လက်နက်ကိုင် အဖွဲ့ တခုက ပစ်သတ်သွားတဲ့အတွက် ၆ ယောက်သေဆုံးပြီး ၂ ယောက် ပျောက်ဆုံး နေပါတယ်။

ကနေ့မနက်က ကိုင်းကြီးရွာနားက မြိုမိသားစု ယာတဲကို သွားစဉ်မှာ အသတ်ခံရတာဖြစ်ပြီး မွတ်ဆလင် အကြမ်းဖက်တွေက သေနတ်နဲ့ ပစ်တာလို့ ကိုင်းကြီးရွာလူကြီး ဦးစိန်လှမောင်က ပြောပါတယ်။

အခုအခါမှာတော့ အဲဒီနေရာကို တပ်မတော် စစ်ကြောင်းတွေက သွားရောက် ရှင်းလင်းမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အခုတလောအတွင်း အပြစ်မဲ့ အရပ်သားတွေကို မကြာခဏဆိုသလို မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် အနောက်ဘက် ခြမ်းမှာ ခုလို သတ်ဖြတ်မှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် ဒေသအတွင်းမှာလည်း အထူး စိုးရိမ်မှုတွေ တိုးပွားလျက်ရှိနေကြတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ