ပျောက်နေတဲ့ မြို အမျိုးသမီးရဲ့ အလောင်း ပြန်တွေ့

  • 5 ဩဂုတ် 2017
Image caption ပျောက်ဆုံးနေတဲ့ အမျိုးသမီး နှစ်ယောက်ထဲက တစ်ယောက်ရဲ့ အလောင်းကို ပြန်တွေ့

မြို အမျိုးသမီး တစ်ယောက်ရဲ့ အလောင်းကို ဩဂုတ်လ ၅ ရက်၊ စနေနေ့မှာ ထပ်မံ တွေ့ရှိ လာပါတယ်။

မောင်တော မြို့နယ်ထဲက ကိုင်းကြီးဆိုတဲ့ မြိုတိုင်းရင်းသား ရွာကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီး နှစ်ယောက်ထဲက တစ်ယောက်ရဲ့ အလောင်းကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

အခုလို သေဆုံး ရက် တွေ့ခဲ့ရသူဟာ အသက် ၂၁ နှစ် အရွယ် မတုန်ဝဲ ဆိုသူ ဖြစ်ပါတယ်။

ကိုင်းကြီးရွာ အရှေ့ဘက် ကိုက် တစ်ထောင် ပတ်ဝန်းကျင် အကွာက ဇော်မတက်ချောင်းနား တွေ့ရတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ အလောင်းကို မောင်တော ဆေးရုံကို ယူဆောင် လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက်က တောင်ယာခင်းထဲ မြို ရွာသူရွာသားတွေကို လက်နက်ကိုင် တချို့က ပစ်ခတ်ခဲ့လို့ ၆ ယောက် သေဆုံးခဲ့ပြီး၊ အမျိုးသမီး နှစ်ယောက် ပျောက်ဆုံး နေခဲ့တာ ဖြစ်ပါတယ်။

အသတ်ခံရသူ ၆ ဦးကိုတော့ သောကြာနေ့က မောင်တောမှာ သဂြိုလ်ခဲ့တာမှာ ဒေသခံ ထောင်ချီ တက်ရောက် ခဲ့ပါတယ်။

ဒီ တိုက်ခိုက်မှုကို မွတ်ဆလင် လက်နက်ကိုင်တွေ ကျူးလွန်ခဲ့တာလို့ ဒေသခံတွေက ယူဆ ထားပါတယ်။