ရန်ကုန်သံဃာတွေရဲ့ သပိတ်စခန်း ပိတ်သိမ်း

  • 5 ဩဂုတ် 2017
Image caption ရန်ကုန်ကြေးသွန်း ဘုရားကြီးနားက သံဃာတွေရဲ့ သပိတ်စခန်း

မန္တလေး မဟာမုနိ ဘုရားကြီးနားမှာ ဖွင့်ထားတဲ့ သပိတ်စခန်းကို ညက ဖြိုခွဲခဲ့ပြီးနောက် ရန်ကုန်ကြေးသွန်း ဘုရားကြီးနားက သံဃာတွေရဲ့ သပိတ်စခန်းကိုလည်း ပိတ်သိမ်းလိုက်ပါတယ်။

ရွှေတိဂုံကြေးသွန်းဘုရားမုခ်ဦးရှေ့မှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားရေး လှုပ်ရှားသူနဲ့ သံဃာတော်တွေရဲ့ အစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းကို စနေနေ့ ညနေပိုင်းမှာ ဖွင့်ထားသူတွေ ကိုယ်တိုင် ပိတ်သိမ်းခဲ့ပါတယ်။

အခုလို လုပ်ရတာဟာ ရန်ကုန်တိုင်း သံဃာ့မဟာနာယက ဆရာတော်ရဲ့ ပိတ်သိမ်းဖို့ တိုက်တွန်းချက်ကို လေးစားတဲ့အနေနဲ့ ယာယီ ပိတ်သိမ်းတာ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာတော် ဦးပညာသာရဇောတိ က ဘီဘီစီကို ပြောပါတယ်။

သူတို့ တောင်းဆိုချက်တွေကို သံဃာ့မဟာနာယက အထက်အဆင့်ကို တင်ပြထားပြီး တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတယ် လို့လည်း ဆိုပါတယ်။

ဒီသပိတ်စခန်းကို သြဂုတ်လ ၂ ရက်က စတင် ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပြီး မန္တလေးမှာ ဖွင့်ထားတဲ့ အလားတူ သပိတ်စခန်းကိုတော့ မနက် ၂ နာရီအချိန်မှာ အာဏာပိုင်တွေက ဖြိုခွင်းခဲ့ပြီး လူပုဂ္ဂိုလ်နဲ့ သံဃာအချို့ အဖမ်းခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ