တရုတ်စွမ်းအားဖြင့် မြန်မာမီးလင်းရေးစီမံကိန်း

  • 5 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ၄၀ ရာနှုန်းပေးထားနိုင်ပြီလို့ ဆို

တရုတ်နိုင်ငံဘက်ကနေ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြန့်ဖြူးဖို့ စီစဉ်နေတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးထိန်လွင်က ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။

ဝယ်ယူရေးအစီအစဉ်ဟာ ကနဦးအဆင့်သာရှိသေးပြီး လျှပ်စစ်ဓာတ်အား ဝယ်ယူ ဖြန့်ဖြူးရေးကို တာဝန်ယူလုပ်ဆောင်ချင်တဲ့ ကုမ္ပဏီတွေက အဆိုပြုလွှာတွေ တင်သွင်းထားတဲ့ အဆင့်မှာသာရှိသေးတယ်လို့ ဆိုပါတယ်။

ဘာ့ကြောင့် ဓာတ်ငွေ့တွေကို ပြည်ပထုတ်ရောင်းပြီး လျှပ်စစ်ဓာတ်အားကို ဝယ်ယူတင်သွင်းနေရတဲ့အခြေအနေမျိုးဖြစ်နေရပါသလဲလို့ ဘီဘီစီက မေးရာမှာတော့ အရင်က လျှပ်စစ်ဓာတ်အားသိပ်မလိုအပ်တဲ့အတွက် ပိုလျှံနေလို့ ထုတ်ရောင်းတာသာဖြစ်ပြီး အခုဓာတ်ငွေ့ထုတ်ရောင်းတာ မရှိတော့ဘူးလို့ ဦးထိန်လွင်က ဘီဘီစီကို ပြောပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းဖျက်သိမ်းပြီးနောက်ပိုင်းမှာ တရုတ်နဲ့ဆက်ဆံရေး ပျက်ပြားလာတယ်လို့ ယူဆချက်တွေရှိခဲ့ပေမယ့် အခုတရုတ်နိုင်ငံဘက်က လျှပ်စစ်ဓာတ်အားဝယ်ယူဖို့ စီစဉ်နေတာဟာ ဆက်ဆံရေးပြန်လည် တိုးတက်ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တယ်လို့ မှန်းဆကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ