အဆိုတော် ခိုင်ထူး ကွယ်လွန်

  • 9 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် Ko Phyo
Image caption အသက် ၆၁ နှစ် ရှိပြီ

ပန်ကရိယ ကင်ဆာနဲ့ ပါရမီ ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အဆိုတော်ခိုင်ထူးဟာ ဒီကနေ့ နေ့လယ် ၃နာရီ မိနစ် ၂၀ ကျော်ကျော်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

စတီရီယို ခေတ်ဦးကနေ အခုချိန်ထိ စစ်ကိုင်းလမ်း၊ အဉ္ဇလီ၊ ရွှေလည်တိုင်၊ နောက်ဆုံး အိပ်မက်၊ ဖိုးသာထူး၊ မြတ်သော အကျင့် စတဲ့ သီချင်းပေါင်းများစွာနဲ့ ပရိသတ် ရင်ထဲ အခိုင်အမာရှိနေဆဲ ဖြစ်တဲ့ အဆိုတော်တဦးပါ။

ကိုခိုင်ထူး ကွယ်လွန် ချိန်မှာ အသက် (၆၁) အရွယ် ရှိပြီ ဖြစ်ပါတယ်။ ဘန်ကောက် ဆေးရုံမှာ သွားရောက် ဆေးကုသမှု ခံယူ ခဲ့ရပေမယ့် ရောဂါ ပြင်းထန် တဲ့ အတွက် မြန်မာ နိုင်ငံ ကို ၈ ရက်နေ့ မနက်မှာ ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ကိုခိုင်ထူး ကွယ်လွန်ချိန်မှာ ဇနီးသည်၊ သား တဦး နဲ့ သမီး ဖြစ်သူ တို့ ကျန်ရစ်ပါတယ်။