ရသေ့တောင်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

  • 12 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ၂၀၁၆ အောက်တိုဘာလမှာ တိုက်ခိုက်ခံရပြီးနောက် သံအရာရှိတွေကို ဖိတ်ကြား ရှင်းလင်းခဲ့စဉ်

ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်မှာ ရာဇဝတ်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် တရပ်ကို ဒေသန္တရ အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

ဖက်လိပ် ၊ သိမ်တောင် ၊ ချွတ်ပြင် ၊ အောက်နန်းရာ ၊ အထက်နန်းရာ ၊ စေတီပြင် ၊ အောက်ကျောင်းတောင် ၊ ပေါက်ပင်ရင်း ၊ ခွဆုံ ၊ ပန်းဖော်ပြင် နဲ့ ကိုးတန်ကောက် ရွာတွေမှာ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ လူငါးယောက်ထက် ပိုမစုဝေးရဘဲ ၊ ညကိုးနာရီ ကနေ မနက် ငါးနာရီ အထိလည်း ညထွက်ခွင့် မရှိတော့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က နယ်ခြားစောင့်ရဲတွေက အောက်နန်းရာ ရွာမှာ တရားခံ ဝင်ရောက် ဖမ်းဆီးတုန်း ရာနဲ့ချီတဲ့ အင်အားစုတွေ တိုက်ခိုက်တာ ခံခဲ့ရပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မောင်တော လုံခြုံရေးနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးကလည်း သတင်းတရပ် ထုတ်ပြန်ခဲ့ပြီး ဒေသတွင်းမှာ အကြမ်းဖက်မှုတွေ တိုးလာတဲ့ အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက် ၊ လိုအပ်ရင် ညမထွက်ရအမိန့် ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ