အစိုးရအောက် တပ်မတော်ရှိရေးဟာ အနောက်တိုင်း အယူအဆလို့ဆို

  • 12 ဩဂုတ် 2017
Image caption နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖိုရမ်

အရပ်ဘက်အစိုးရအုပ်ချုပ်မှုအောက်မှာ စစ်တပ်ရှိရမယ် ဆိုတာ အနောက်တိုင်း အယူအဆသာဖြစ်ပြီး မြန်မာနိုင်ငံမှာကျင့်သုံးဖို့ မဆီလျော်ဘူးလို့ တပ်မတော်အရာရှိတဦးက ပြောလိုက်ပါတယ်။

နေပြည်တော်မှာကျင်းပနေတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်မြင့်ဦးက သြဂုတ်လ ၁၂ ရက်နေ့မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

၃ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီ ဖိုရမ်ကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံတကာက ပညာရှင်တွေ၊ ပြည်တွင်း ပညာရှင်တွေနဲ့ စီပွားရေး လုပ်ငန်းရှင်တွေနဲ့အတူ ၈၈ ငြိမ်းပွင့်အဖွဲ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။