NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ ကွယ်လွန်

  • 13 ဩဂုတ် 2017
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီ နာယက ဦးတင်ဦး တို့ ချုပ်နှောင် ခံထား ရစဉ်မှာ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေဟာ ဩဂုတ်လ ၁၃ ရက်နေ့ တုန်းက ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံမှာ ကွယ်လွန် သွားခဲ့ပါတယ်။

ဦးအောင်ရွှေဟာ ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ ကာကွယ်ရေး တပ်မတော် နဲ့ ဗမာ့ မျိုးချစ် တပ်မတော် တွေမှာ ပါဝင် ခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေး တွေမှာ ပါဝင်ခဲ့သူပါ။

၁၉၄၅ ခုနှစ် တုန်း က တပ်မတော် မှာ ဗိုလ်ကြီး အဆင့် ကနေ စတင်ပြီး တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ်မှာ တပ်မဟာ(၅) တပ်မဟာမှူး၊ ၁၉၅၅ ခုနှစ် ခုနှစ်မှာ တပခ တိုင်းမှူး၊ ၁၉၅၇ ခုနှစ်မှာ မပခ တိုင်းမှူး ဗိုလ်မှူးချုပ် အဖြစ် တိုးမြှင့် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။

၁၉၆၁ ခုနှစ် တပခ တိုင်းမှူး အဖြစ် တာဝန် ထမ်းဆောင် နေစဉ်မှာ တပ်မတော် ကနေ အငြိမ်းစား ပေးခြင်း ခံခဲ့ရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကို စတင် တည်ထောင်သူ တွေ ထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီ နာယက ဦးတင်ဦး တို့ ချုပ်နှောင် ခံထား ရစဉ်မှာ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူလည်း ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၉ နှစ် ရှိပါပြီ။ သား ၃ ယောက်၊ သမီး ၃ ယောက် ကျန်ရစ် ပါတယ်။