ရန်ကုန်တိုင်း စက်ရုံတွေမှာ အဆင်မပြေမှုတွေ များ

  • 22 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အလုပ်ရုံ တွေမှာ ၄၀ ရာခိုင်နှုန်း လောက်ပဲ လက်ခံနိုင် စရာ အခြေ အနေရှိ

ရန်ကုန်တိုင်း အတွင်းက စက်ရုံ အလုပ်ရုံ တွေမှာ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေ ရှိနေတယ် ဆိုပြီး တိုင်ကြားချက် တွေရှိတဲ့ အတွက် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ် အဖွဲ့က သွားရောက် လေ့လာ စစ်ဆေးခဲ့ ပါတယ်။

အဲဒီလို စစ်ဆေးတဲ့ အခါမှာ အလုပ် သမားတွေနဲ့ စနစ် တကျ စာချုပ် ထားတာ မရှိတာတွေ၊ လုပ်ငန်းခွင် အဆင် မပြေမှု တွေ အနိမ့်ဆုံး လစာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေ တာကြောင့် စက်မှုဇုန်တွေက အလုပ်ရုံ တွေမှာ ၄၀ ရာခိုင်နှုန်း လောက်ပဲ လက်ခံနိုင် စရာ အခြေ အနေတွေ တွေ့ခဲ့ ရတယ်လို့ သွားရောက် စစ်ဆေး ခဲ့သူ လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေး ကော်မီတီဝင် ဦးကျော်ဇေယျ ကပြောပါတယ်။

အနိမ့်ဆုံး လစာနဲ့ ပတ်သက်ပြီး တချို့ အလုပ်ရှင်တွေဟာ လေ့ကျင့် ကာလ အဖြစ် တရက် ၂၅၀၀ ကျပ်ပဲ ပေးတာမျိုး ရှိပြီး၊ လုပ်ငန်း ကျွမ်းကျင်လာ တာတောင် တိုးမပေးတဲ့ အတွက် မကျေနပ်မှုတွေ ရှိတာ ကိုလည်း တွေ့ရတယ်လို့ ဦးကျော်ဇေယျ က ပြောပါတယ်။

ဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်း ကတော့ အလုပ်ရှင် နဲ့ အလုပ်သမား ကြား အစိုးရ အနေနဲ့ မူဝါဒ ချမှတ် တဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိနေကြောင်း၊ စစ်ဆေးတဲ့ နေရာ မှာလည်း အစိုးရ ကိုယ်တိုင်က ကြပ်ကြပ် မတ်မတ် ဆောင်ရွက် သင့်တယ်လို့ ဆိုပါတယ်။