ဘရာဇီးမှာ တပတ်အတွင်း ဒု အကြိမ် သင်္ဘောမှောက်

  • 24 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သင်္ဘော မှောက်မှုမှာ အသက်မသေဘဲ ကျန်ရစ်သူများ

ဘရာဇီးအရှေ့မြောက်ပိုင်း Salvador မြို့မှာ ကူးတို့ သင်္ဘော မှောက်လို့ အနည်းဆုံး လူ၁၈ ယောက် သေဆုံးခဲ့ပါတယ်။

နိုင်ငံခြား ခရီးသွားတွေ အသွားများတဲ့Itaparica ကျွန်းကနေ အပြန် လှိုင်းပုတ်ပြီး သင်္ဘော တိမ်းမှောက်သွားတာ ဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီသင်္ဘောမှောက်မှုဟာ ဘရာဇီးမှာ အခုတပတ်အတွင်း ဒုတိယ အကြိမ် ဖြစ်ပါတယ်။

အမေဇုန် ဒေသက Xingu မြစ်ထဲမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း သင်္ဘော တစင်းမှောက်ခဲ့ပြီး လူ၁၉ယောက် သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ