ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ပြင်ဆင်မှု လွှတ်တော်မှာ အတည်ပြု

  • 25 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ယခင် အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲမှု ၇ မှုသာ ရှိခဲ့ပေမယ့် လက်ရှိ အစိုးရ လက်ထက်မှာ တရားရုံးအထိ ရောက်လာတဲ့ အမှု အရေအတွက် ၈၅ မှုရှိ

ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၂၅ ရက်နေ့မှာ ကန့်ကွက်သူ မရှိ တခဲနက် အတည်ပြုလိုက်ပါတ

ပြင်ဆင်လိုက်တဲ့ နေရာမှာ ပြစ်ဒဏ်ကို အရင်က ထောင်ဒဏ် သုံးနှစ် အထက်လို့ သတ်မှတ်ထားရာကနေ ၂ နှစ် အထိလို့ ပြောင်းလဲလိုက်တဲ့အတွက် ထောင်ဒဏ် သက်တမ်းအရ ဒီအမှုနဲ့ စွဲခံရရင် အာမခံ လျှောက်ထားပိုင်ခွင့် သေချာသွားတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်က ဘီဘီစီကို ပြောပါတယ်။

ပုဒ်မ ၆၆ (ဃ)ကို အသုံးပြုပြီး နစ်နာသူ ကိုယ်တိုင်နဲ့ ကိုယ်စားလှယ် လွှဲအပ်ခံရသူက လွဲပြီး ဘေးလူတွေက အမှုဖွင့် တရားစွဲတာမျိုးကိုလည်း အခုလို ပြင်ဆင်လိုက်တဲ့ အချက်တွေအရ မလုပ်နိုင်တော့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အသရေဖျက်မှုအတွက် ပုဒ်မ ၅၀ဝ ရှိပြီးသားဖြစ်ပြီး အွန်လိုင်းပေါ်မှာ အသရေ ဖျက်မှုအတွက်လည်း အကျုံးဝင်တဲ့အတွက် ပုဒ်မ ၆၆ (ဃ) မလိုအပ်ဘူးလို့လည်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ကိုဆောင်းခက ဘီဘီစီကို ပြောပါတယ်။

ယခင် အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲမှု ၇ မှုသာ ရှိခဲ့ပေမယ့် လက်ရှိ အစိုးရ လက်ထက်မှာ တရားရုံးအထိ ရောက်လာတဲ့ အမှု အရေအတွက် ၈၅ မှုရှိပြီး ဒီပုဒ်မနဲ့ စွဲဆိုဖို့ သက်ဆိုင်ရာဝန်ကြီးဌာနမှာ ခွင့်ပြုချက် လာယူတဲ့ အရေအတွက်ကတော့ ၂၀ဝ ကျော် ရှိနေတယ်လို့ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသန အဖွဲ့က မှတ်တမ်းတင်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ