မောင်တောမှာ စာသင်ကျောင်းတွေ ပိတ်လိုက်ရ

  • 25 ဩဂုတ် 2017
Image caption စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ပြီ

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မောင်တောခရိုင်နဲ ရသေ့တောင်မြို့နယ်က ကျောင်းတစ်ချို့ အပါအဝင် ကျောင်းပေါင်း ၄၀ဝ ကျော်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

လုံခြုံရေး အခြေအနေ ဆိုးရွားနေတဲ့ အတွက် မောင်တောမြို့နယ်မှာ အကြီးဆုံး ဖြစ်တဲ့ နံသာတောင် ပရဟိတ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းက ကျောင်းသား ကျောင်းသူ ၅၀ဝ ကျော်ကိုလည်း ပိုပြီး လုံခြုံတဲ့ နေရာကို ပြောင်းရွှေ့ လိုက်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောက ကျောင်း၂၀ အပါအဝင် ရသေ့တောင်က ကျောင်းတွေကော အခုလို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တာ ဖြစ်ပြီး လုံခြုံရေး အခြေအနေကို ကြည့်ပြီး ပြန်ဖွင့်ပေးသွားမှာပါလို့ ရခိုင် ပြည်နယ် ပညာရေးဌာန ညွှန်ကြားမှူး ဦးအောင်ကျော်ထွန်းက ဘီဘီစီကို ပြောပါတယ်။

တစ်ခါ မောင်တောမြို့နယ်မြောက်ပိုင်း တိုင်းရင်းသား ကလေးတွေ စာသင်နေတဲ့ နံသာတောင် ပရဟိတကျောင်းက ကျောင်းသား ကျောင်းသူ ၅၀ဝ ကျော်ကိုလည်း မနေ့က လုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းလိုက်ရပါတယ်။

ကျောင်းသား ငါးရာကျော် နဲ့ ဆရာ ၁၇ ယောက် အပါအဝင် ရွာသူရွာသားတွေကော ဆိုရင် အားလုံးပေါင်း ၇၀၀ နီးပါး ရှိတယ်လို့ ပရဟိတကျောင်းထိုင်ဆရာတော် ဦးစာရဏ က ပြောပါတယ်။

သူတို့ အနေနဲ့ ရွာမှာ အကြမ်းဖက်မှုတွေကို ပြန်လည် ခုခံဖို့ ကြံရွယ်က တပ်မတော်ကို ဝိုင်းကူပေးဖို့ အကူအညီ တောင်းခဲ့ပေမယ့် သူတို့ကို တပ်မတော်က လုံခြုံတဲ့ နေရာကို ရွေ့ပြောင်းပေးခဲ့တာလို့ ဆရာတော် က မိန့်ကြားခဲ့ပါတယ်။

အခုအခါ အဲဒီ ကျောင်းသားတွေကို တောင်ပြိုလက်ဝဲမြို့မှာ တပ်မတော်နဲ့ နယ်ခြားစောင့် စခန်းက လုံခြုံရေး စောင့်ရှောက် ပေးထားတာ ဖြစ်ပါတယ်။

သြဂုတ် ၂၅ ရက်နေ့ က ရခိုင်ပြည်နယ် မောင်တော ၊ ဘူးသီးတောင်နဲ့ ရသေ့တောင် တဝိုက်က ရဲကင်း၊ ရဲစခန်းတွေကို တစ်ချိန်တည်း တိုက်ခိုက်ခံခဲ့ရတာကြောင့် တပ်မတော်သား ၁ ယောက်၊ ရဲတပ်ဖွဲ့ဝင် ၁၀ယောက်၊ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်း ၁ ယောက် ၊ အားလုံးစုစုပေါင်း ၁၂ယောက် ကျဆုံးခဲ့တယ်လို့ အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ