မောင်တော တိုက်ခိုက်ခံရမှုကြောင့် ရခိုင် ဒုက္ခသည် အရေအတွက် တိုးလာနေ

  • 29 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ရခိုင်ပြည်နယ် အတွင်းပိုင်း ပုဏ္ဏား ကျွန်းနဲ့ ကျောက်တောမြို့နယ်ထိ ထွက်ပြေး ခိုလှုံနေကြရ

အကြမ်းဖက်သမား တွေရဲ့ ရန်ကို ကြောက်တဲ့ အတွက် ငါးရက်ကြာ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ မောင်တောမြို့နယ် မြဝတီ နတလရွာက ရွာသား ၂၀၀ ကျော်ကို ဩဂုတ်လ ၂၉ ရက်နေ့တုန်းက ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။

တောထဲမှာ ငါးရက်ကြာ ပုန်းအောင် နေခဲ့ရပြီး စားရေး သောက်ရေး အတွက် အင်မတန်မှ ဒုက္ခ ရောက်ခဲ့တယ်လို့ မြဝတီရွာ ဆယ်အိမ်မှူး ဦးသန်းဆွေက ဘီဘီစီကို ပြောပြပါတယ်။

ဒါ့ အပြင် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တဲ့ အလယ်သံကျော်က ပိတ်မိနေတဲ့ ရွာသားတွေနဲက အစိုးရဝန်ထမ်းတွေကိုလည်း တာဝန်ရှိသူ တွေက ဘေးလွတ်ရာကို ပြောင်းရွှေ့ ပေးခဲ့ပြီ ဖြစ်တယ်လို့ ဆရာမ တစ်ဦးက ပြောပါ တယ်။

မောင်တောမြို့ပေါ်မှာတော့ အကြမ်းဖက်သမား တွေရဲ့ သေနတ်နဲ့ ပစ်ခတ်မှုတွေက ကြိုးကြားကြိုးကြား ရှိနေတုန်းလို့ မြို့ခံ တစ်ဦး ဖြစ်သူ ဦးစောဝေ က ပြောပါတယ်။

ခုလို အခြေအနေတွေကြောင့် မောင်တောမြို့ ပေါ်နဲ့ တခြား နယ်ကလူ တွေဟာ စစ်တွေမြို့ တစ်ခုတည်းကို မဟုတ်ဘဲ ရခိုင်ပြည်နယ် အတွင်းပိုင်း ပုဏ္ဏား ကျွန်းနဲ့ ကျောက်တောမြို့နယ်ထိ ထွက်ပြေး ခိုလှုံနေကြရပါတယ်။