နယ်စပ်က အကြမ်းဖက်ခံရမှု ကို အသိပေးဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

  • 29 ဩဂုတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကို ဒီကိစ္စ တွေနဲ့ ပတ်သက်ပြီး ခေါ်ယူ တွေ့ဆုံခဲ့

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ ဒီရက်ပိုင်း အတွင်း ဖြစ်ပွားလာတဲ့ မောင်တော က အကြမ်းဖက် တိုက်ခိုက်မှုတွေကို အကြောင်း ကြားဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ်တောင်းဆိုထား ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကို ဒီကိစ္စ တွေနဲ့ ပတ်သက်ပြီး ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ အကြမ်းဖက် ပြဿနာ ကိစ္စ ကိုင်တွယ်ရာမှာ မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ် က ကူညီပေးလိုကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဌာန အတွင်းဝန် Shahidul Haque ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ဘက်မှာ တည်ငြိမ် အေးချမ်းမှု အမြန်ရတာကို ဘင်္ဂလားဒေ့ရှ် ဘက်က လိုလားကြောင်းလည်း သူက ပြောပါတယ်။

ဒီအတွက် သူတို့ဘက်က တချို့ အဆင့်တွေ စတင် ဆောင်ရွက်နေပြီး မြန်မာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

နယ်စပ်မှာ အကြမ်းဖက်တွေ ခိုအောင်း လှုပ်ရှားနေတာ သိရင် မြန်မာဘက်က အသိပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် ဘက်က တောင်းဆိုခဲ့ပါတယ်။

နောက် သူတို့ဘက်ကို ဝင်လာတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ကူညီပေးနေတယ်လို့ ဆိုပါတယ်။

အမှတ် (၁) နယ်ခြားစောင့် ရဲကွက်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်ဖို့ အစီအစဉ် မရှိသေးပေမယ့် ၂နိုင်ငံညှိနှိုင်းပြီး နယ်စပ်မျဉ်းတလျှောက်နဲ့ နတ်မြစ်ထဲမှာ အတူယှဉ်ပြိုင် ကင်းလှည့်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အပြန်အလှန် သတင်းဖလှယ် တာတွေလည်း ဆောင်ရွက်နေတယ်လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။