ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်

  • 4 စက်တင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption စက်တင်ဘာလ ၄ ရက်က တွေ့ရတဲ့ မောင်တောမြို့နယ်တွင်းက မီးလောင်မှု မြင်ကွင်းတစ်ခု

ဒေသခံတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်နိုင်ဖို့အတွက် ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ဆောင်ရွက်နေတယ်လို့ ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံတော် လုံခြုံရေးကို ထိပါးလာတဲ့ ကိစ္စမှန်သမျှကို တပ်မတော်က လိုအပ်သလို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

အခုလို ကြေညာတဲ့အတွက် တပ်မတော်သားတွေဟာ စစ်မြေပြင်စည်းကမ်းနဲ့အညီ တာဝန်ထမ်းဆောင်မှာ ဖြစ်ပြီး စစ်မှုထမ်းခြင်းဆိုရာ ခံစားခွင့်တွေနဲ့လည်း အကြုံးဝင်စေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက နယ်ခြားစောင့်ရဲတပ်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရမှုတုန်းကလည်း အခုလို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။