ရခိုင်အရေး အဆုံးသတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အခွင့်အရေးရှိလို့ ယူအန် ပြော

  • 17 စက်တင်ဘာ 2017
Image caption ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ အစီအစဉ် တွေကိုလည်း ဆောင်ရွက် နေပြီလို့ မြန်မာ အစိုးရ ဘက် က ပြန်လည် တုံ့ပြန်

ရခိုင်ပြည်နယ်မှာ စစ်ရေး အင်အား သုံးပြီး နယ်မြေရှင်းလင်း မှုတွေ ကို အဆုံး သတ် ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ နောက်ဆုံး အခွင့်အလမ်း ရှိကြောင်း ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ပြောကြား လိုက်ပါတယ်။

အင်္ဂါနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံအခြေပြု မိန့်ခွန်း ပြောကြားဖို့ ရှိပြီး အဲဒီ အခါကျရင် ရခိုင်ပြည်နယ်က အခြေအနေ တွေကို ပြောင်းလဲနိုင် အောင် ကြိုးပမ်း စေချင်တယ်လို့ မစ္စတာ ဂူးတားရက်စ် က ပြောပါတယ်။

မြန်မာ့ နိုင်ငံရေး မှာ စစ်တပ် က အသာစီး ရယူ ထားတယ်ဆိုတာ သူ့ အနေနဲ့ သိရှိပေမယ့် ရိုဟင်ဂျာတွေ အပေါ်မှာ ဖိနှိပ်မှုတွေ လုပ်နေတဲ့ ကိစ္စ ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရပ်တန်ဖို့ တာဝန်ရှိတယ်လို့ သူက ပြောကြား ခဲ့ပါတယ်။

လောလောဆယ်မှာ ရခိုင်ပြည်နယ် က ရိုဟင်ဂျာ လေးသိန်း လောက်ဟာ ဒုက္ခသည် အဖြစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်စက် ဘဇား ထဲကို ခိုလှုံ ရောက်ရှိ လာခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ က စာရင်း ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ပြောကြားမှု နဲ့ပတ်သက်လို့ ရခိုင်မှာ တိုက်ခိုက်မှု တွေ မရှိတဲ့ အကြောင်း နဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ အစီအစဉ် တွေကိုလည်း ဆောင်ရွက် နေပြီလို့ မြန်မာ အစိုးရ ဘက် က ပြန်လည် တုံ့ပြန် ခဲ့ပါတယ်။