ပြင်သစ် ဘောလုံးပွဲ လူ၁၈ယောက် ဒဏ်ရာရ

  • 1 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် ဘောလုံးပွဲ ကန်နေရင်း ရပ်ဆိုင်းလိုက်ရ

ပြင်သစ်မြောက်ပိုင်းက Amiens မြို့မှာ ဘောလုံးပွဲ ကျင်းပနေတုန်း လုံခြုံရေးအတွက် တားထားတဲ့ အကာအရံ တခု ပြိုကျခဲ့တာကြောင့် ပွဲလာကြည့်သူ အနည်းဆုံး ၁၈ယောက် ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက သုံးယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပြီး လိဂ်ဝမ်း ပွဲစဉ်မှာ အာမြန်းဂ် နဲ့ မြောက်ပိုင်းက ဒုတိယ အဆင့်ရှိ Lille အသင်းကို ကစားနေရင်း တဂိုးသွင်းပြီးနောက် အခုလို မတော်တဆမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲလာကြည့်သူတွေ အော်ဟစ် အားပေးမှုကြောင့် လုံခြုံရေး အရံအတား ကျိုးပေါက်သွားခဲ့ပြီး ဘောလုံးပွဲ ကြေညာသူတွေထဲလဲ ကွင်းထဲဆင်းပြေးရတာ ကစားပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။