ဂမ်ဘီယာနိုင်ငံရဲ့ ကမာလုပ်ငန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂမ်ဘီယာ အိမ်ရှင်မတွေရဲ့ ကမာလုပ်ငန်း

  • 2 အောက်တိုဘာ 2017

အနောက်အာဖရိက နိုင်ငံလေးတစ်ခုဖြစ်တဲ့ ဂမ်ဘီယာမှာ ကမာကောင် ထုတ်လုပ်ရေးက အဓိက စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

အမျိုးသားတွေ ငါးဖမ်းချိန်မှာ အဲဒီ ကမာလုပ်ငန်းကို အဓိက လုပ်ကြတာက အမျိုးသမီးတွေပါ။

သူတို့က ကမာကောင် မွေးတယ်ဆိုပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးပါ တပါတည်း လုပ်ကြပါတယ်။

ကိုယ်ပိုင် အသင်းအဖွဲ့တွေ ဖွဲ့ပြီးတော့လည်း ပညာပေးတာတွေ လုပ်ကြပါတယ်။

ကမာလုပ်ငန်းကို အဓိကထား လုပ်တဲ့ ကာတူးဆိုတဲ့ ကမ်းရိုးတန်းရွာလေးက အခြေအနေကို ကြည့်ရအောင်ပါ။