ဘူးသီးတောင်က မွတ်ဆလင်တွေ ထွက်ပြေးနေ

  • 4 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လက်လုပ်လက်စား ဆင်းရဲသားတွေ ပိုထွက်ပြေးနေ

ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေတဲ့ မွတ်ဆလင်တွေအထဲမှာ လက်ရှိ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းက ပိုများနေတယ်လို့ သိရပါတယ်။

အဲသလို ထွက်ပြေးတဲ့အထဲမှာလည်း လက်လုပ်လက်စား ဆင်းရဲသား လူတန်းစားတွေက ပိုများတယ်လို့ သိရပါတယ်။

ထွက်ပြေးနေကြတဲ့သူ အများစုဟာ လက်လုပ်လက်စားတွေများပြီး ဒေသ မတည်ငြိမ်မှုကြောင့် လုပ်ကိုင်လို့ မရသလို စားနပ်ရိက္ခာ ရှားပါးလာတဲ့ အတွက် ထွက်ပြေးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဓိက ထွက်ပြေးနေတဲ့ ဒေသက ရခိုင်အမျိုးသား ကိုအောင်မြတ်မိုးက အခုထွက်ပြေးတဲ့ အထဲမှာ ချမ်းသာတဲ့ သူတွေတော့ မပါဝင်ဘူးလို့ ဆိုပါတယ်။

အဲဒီ ဒေသမှာ ညောင်ချောင်းဈေးရှိပြီး စနေနဲ့ အင်္ဂါ ဖွင့်တဲ့ ဈေးဖြစ်တယ်လို့ သိရပြီး အများစုကတော့ ဈေးဝယ်နိုင်တဲ့ အနေအထား မရှိဘူးလို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တောင်တွေ ဖြတ်ကျော်ထွက်ပြေး

ထွက်ပြေးနေကြတဲ့သူတွေဟာ ညောင်ချောင်း၊ ကာဒီရွာ၊ ဘော်လီရွာ၊ ဒု အိုးသည်မ၊ ကြိမ်ရှည်ပြင်၊ မောင်နှမ၊ ရွှေထားရွာတွေက ဖြစ်ပြီး နေ့စဉ်လိုလို ထွက်ပြေး နေကြတယ်လို့ ပြောပါတယ်။

ဒေသအာဏာပိုင်တွေက မထွက်ပြေးကြဖို့ ပြောပေမယ့် ရိက္ခာ ထောက်ပံ့တာ မရှိဘူးလို့ ကိုအောင်မြတ်မိုးက ပြောပါတယ်။

အဓိက ထွက်ပြေးတဲ့ အထဲမှာ ကြောက်ရွံ့ စိုးရိမ်တာတွေ ပါတယ်လို့ သူက ပြောပါတယ်။

အခုထွက်ပြေးနေကြတဲ့သူတွေဟာ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကနေ မေယူတောင်ကို ခြေနဲ့ ဖြတ်ကျော်ပြီး နတ်မြစ်ဝကနေ စက်လှေတွေနဲ့ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

မောင်တော ဥဒေါင်းချောင်းဝကနေ ထွက်ပြေးနေသူ အများအပြား ရှိပြီး အများစုက အမျိုးသမီးတွေ ဖြစ်နေတာကို တွေ့ရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ