ဝိုင်းစတင်းကို ဇနီးက စွန့်ခွာဖို့ ဆုံးဖြတ်

  • 11 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ ဟာဗီ ဝိုင်းစတင်း

လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေနဲ့ မင်းသမီးအများအပြားရဲ့ စွပ်စွဲမှုတွေ ခံနေရတဲ့ ဟောလီးဝုဒ် ရုပ်ရှင် ထုတ်လုပ်သူ ဟာဗီ ဝိုင်းစတင်း ရဲ့ ဇနီး က သူ့ယောက်ျား ကို စွန့်ခွာ တော့မယ်လို့ ပြောဆို ခဲ့ပါတယ်။

သူ့ရဲ့ လုပ်ရပ်တွေဟာ လုံးဝ ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ လည်း အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဇနီးသည် ဂျော်ဂျီနာ ချမ့်မင်းက ဆိုပါတယ်။

နာမည်ကျော် ရုပ်ရှင်မင်းသမီး တွေ ဖြစ်တဲ့ အင်ဂျလီနာ ဂျိုလီ နဲ့ ဂွင်းနက် ပယ်လ် ထရို တို့ ကလည်း ဟာဗေးဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် ခဲ့ကြတယ်လို့ အခု နောက်ဆုံး စွပ်စွဲ ထားကြပါတယ်။

သူတို့က ဟောလီးဝုဒ် က ရုပ်ရှင်မင်းသမီးဘဝ အစပိုင်းမှာ ဟာဗီရဲ့ ကျူးလွန် မှုတွေ နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၁၀ ရက်က နယူးယောက်ကာ မဂ္ဂဇင်း နဲ့ ဟာဗေး တို့ တွေ့ဆုံ ခဲ့ရာမှာ သူ့ အပေါ်မှာ စွပ်စွဲ ပြောဆို နေကြတဲ့ လိင်ပိုင်း ဆိုင်ရာ စော်ကား မှုတွေ နဲ့ ပတ်သက်လို့ ငြင်းဆိုခဲ့ ပါတယ်။

အောက်တိုဘာလ ၈ ရက်က ဟာဗီ ဝိုင်းစတင်း ဟာ သူ့ရုပ်ရှင် ကုမ္ပဏီ ကနေ အလုပ်ထုတ်ပယ် ခံခဲ့ရပါတယ်။ လိင်ပိုင်း ဆိုင်ရာ စော်ကား ကျူးလွန် မှုတွေ နဲ့ ပတ်သက်ပြီး ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့က စုံစမ်း စစ်ဆေးမှု တွေကိုလည်း ဆောင်ရွက် နေကြပါတယ်။

ဂျော်ဂျီနာ ချပ်မန်း ကတော့ " ဟာဗီရဲ့ ကျူးလွန်မှုကို ခံခဲ့ရတဲ့ အမျိုးသမီးအားလုံးကိုယ်စား သူလည်း နာကျင်ခံစားရပါတယ်၊ သူ့လုပ်ရပ်တွေက လုံးဝ ခွင့်လွှတ်ဖို့မကောင်းတဲ့ လုပ်ရပ်တွေမို့လို့ပါ " လို့ People မဂ္ဂဇင်း ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျော်ဂျီနီယာ ချပ်မန်း နဲ့ ဝိုင်းစတင်းတို့မှာ သားသမီး နှစ်ယောက်ရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတဟောင်း အိုဘားမားနဲ့ ဇနီးသည် မီရှဲလ် အိုဘားမား တို့ကလည်း ဝိုင်းစတင်းရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချ လိုက်ပါတယ်။

ဝိုင်းစတင်းဟာ သမ္မတဟောင်း အိုဘားမားရဲ့ ဒီမိုကရက်တစ်ပါတီ ကို ထောက်ခံပေးသူ ဖြစ်ပြီး ငွေကြေး အမြောက်အများ လှူဒါန်း ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

သမ္မတဟောင်း အိုဘားမားရဲ့ အကြီးဆုံးသမီး က ဝိုင်းစတင်းရဲ့ ကုမ္ပဏီမှာ အလုပ်သင် အဖြစ် အလုပ်ဝင်ခဲ့ဖူးပါတယ်။

ဆက်စပ် အကြောင်းအရာများ