NAFTA သဘောတူချက် ပြင်ရေး ပြန်ဆွေးနွေး

  • 12 အောက်တိုဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကနေဒါ ဝန်ကြီးချုပ်နဲ့ အမေရိကန် သမ္မတ တွေ့ဆုံ ဆွေးနွေး

အမေရိကန်သမ္မတ ထရမ့်က တကယ်လို့သာ NAFTA ခေါ် မြောက် အမေရိကဒေသ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူချက် ပြန်ပြင်ဆင် ရေးဆွဲရေး ဆွေးနွေးမှုတွေ မအောင်မြင်ဘူး ဆိုရင် မက္ကဆီကိုနိုင်ငံကို ဖယ်ထုတ်ပြီး အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံ အကြားပဲ ကုန်သွယ်ရေး သဘောတူချက် အသစ် ပြန်လုပ်ဖို့ စဉ်းစားဖွယ် ရှိတယ်လို့ ပြောပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ တွေ့ဆုံ ဆွေးနွေးအပြီးမှာ သမ္မတ ထရမ့်က အမေရိကန်အစိုးရရော ကနေဒါ အစိုးရပါ သူတို့နိုင်ငံသား အလုပ်သမားတွေကို အကာအကွယ် ပေးလိုတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူ့ရဲ့ စီးပွားရေး ဝန်ကြီး Wilbur Ross ကတော့ ဒီလိုမျိုးလုပ်ဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

ကနေဒါဝန်ကြီးချုပ် Trudeau ကလည်း နိုင်ငံ ၃နိုင်ငံစလုံးအတွက် ကောင်းမွန် ပြည့်စုံတဲ့ NAFTA သဘောတူချက်တခု ရဖို့ အရေးပါကြောင်း ပြောသွားပါတယ်။