ဦးဝီရသူကို တရားဟောခွင့် ပြန်ပေးဖို့ လျှောက်ထား

  • 13 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ပရဟိတတွေ ပညာရေးတွေ လုပ်နေတဲ့ အပေါ် ထိခိုက်မှု ရှိနိုင် တယ်လို့ ဦးဝီရသူ က ဘီဘီစီကို မိန့်

နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ကျင်းပနေတဲ့ အစည်း အဝေးမှာ အမျိုးသားရေး ဆရာတော် ဦးဝီရသူကို တရားဟောခွင့်ပေးဖို့ ဆရာတော် ၂ ပါးက လျှောက်ထားတဲ့ အပေါ် အစည်း အဝေး ဆုံးဖြတ်ချက် အရ အရင် ညွန်ကြားချက် အတိုင်း တရားဟောခွင့် ဆက်ပိတ် ထားဖို့ ညွန်ကြား လိုက်ပါတယ်။

အခုလို ဆက်လက် ပိတ်ပင်ထားတဲ့ အပေါ် ဆရာတော် အနေနဲ့ ဘာမှ မဖြစ်ကြောင်း၊ ဒါပေမယ့် ပရဟိတတွေ ပညာရေးတွေ လုပ်နေတဲ့ အပေါ် ထိခိုက်မှု ရှိနိုင် တယ်လို့ ဦးဝီရသူ က ဘီဘီစီကို မိန့်ပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲ တွေကို သံဃာတော် တွေ သီလရှင် တွေ မတက်ရောက်ဖို့ မဟန က မိန့်ကြားတဲ့ အပေါ်မှာ တော့ အပြည့်အဝ ထောက်ခံ တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။

ဒါဟာ ထေရဝါဒ ဗုဒ္ဓ ဘာသာ အရ သံဃာတော် တွေနဲ့ လူပုဂ္ဂိုလ်တွေ တတန်းတည်း ထားတာမျိုး လုပ်လို့ မရဘူးလို့ ဆိုပါတယ်။

လက်ရှိ အခြေ အနေမှာ မဘသ ဆရာတော်တွေ ကို ဖမ်းဆီး နေတဲ့ အပေါ် အန်အဲလ်ဒီ အစိုးရဟာ အာဏာရှင် အစိုးရ ဆီကို သိသိ သာသာ ဦးတည် သွားနေတာ ပေါ်လွင်လာတယ်လို့ ဦးဝီရသူက မိန့်ပါတယ်။