RCSS/SSA အတွက် သဘောတူညီမှုရ

  • 27 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် MOI facebook
Image caption ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင် ညှိနှိုင်း ပေးချက် အရ သဘောတူညီမူ ရခဲ့တာ ဖြစ်ပါတယ်

နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မူ ရပ်စဲရေး သဘော တူစာချုပ် အကောင် အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်း အဝေး JICM မှာ သဘောတူ ညီချက် အချို့ ရရှိခဲ့ ပါတယ်။

JICM အစည်း အဝေး ဟာ NCA စာချုပ်ကို အကောင် အထည်ဖော်တဲ့ အခါ ညှိနှိုင်း မရတဲ့ ကိစ္စတွေကို ဖြေရှင်းပေးတဲ့ အစည်း အဝေး ဖြစ်ပါတယ် ဒီ အစည်း အဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ ဆက် နိုင်ဖို့ အတွက် ညှိနှိုင်း မရဖြစ်တဲ့ အချက် အလက် အချို့ကို သဘော တူညီခဲ့ကြ ပါတယ်။

သဘောတူညီမူတွေ ထဲက အရေးကြီးတဲ့ အချက် ကတော့ ပြီးခဲ့တဲ့ UPDJC အစည်း အဝေး တွေမှာ ညှိနှိုင်း မရတဲ့ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ အတွက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပမယ့် မနေရာ ကို သဘောတူညီ နိုင်ခဲ့ တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

RCSS/SSA အဖွဲ့က အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို တောင်ကြီးနဲ့ ပင်လုံမြို့မှာ ကျင်းပဖို့ အဆိုပြု ခဲ့ပေမယ့် မြန်မာ့ တပ်မတော် ဘက်က မိုင်ပန်မှာသာ ကျင့်ပဖို့ ခွင့်ပြု့ခဲ့လို့ တစ်နှစ် နီးပါး ကြာ ညှိနှိုင်း မရ ဖြစ်နေရာ ကနေ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင် ညှိနှိုင်း ပေးချက် အရ သဘောတူညီမူ ရခဲ့တာ ဖြစ်ပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရတဲ့ အတွက်လည်း ၂၁ ရာစု ပင်လုံ ညီလာခံရဲ့ တတိယ အ ကြိမ် အစည်း အဝေး ကျင်းပမယ့် ရက်ကိုလည်း မသတ်မှတ်နိုင်ပဲဖြစ်နေတာပါ။

ဒါ့အပြင် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့ ကျင်းပရေးနဲ့ ပတ်သက် လို့ ကြီးကြပ်ရေး အဖွဲ့ရဲ့ လုပ်ငန်း လမ်းညွှန် စတဲ့ အချက်တွေထဲက အများစုကို သဘောတူညီခဲ့ကြပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ သဘောတူညီ ခဲ့တဲ့ အတွက် ၂၁ ရာစု ပင်လုံ ညီလာခံရဲ့ တတိယ အကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ လဆန်းမှာ ကျင်းပဖို့ကိုလည်း သဘောတူညီနိုင်ခဲ့တယ်လို့ ဒေါက်တာ လျန်မုန်းဆာခေါင်း ကပြောပါတယ်။

JICM အစည်း အဝေးကို လာမယ့် နှစ် ဖေဖော်ဝါရီလထဲ ကျင်းပဖို့ကိုသဘောတူခဲ့ကြပါတယ်။ အခု အစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ KNU ဥက္ကဌ တို့ တက်ရောက်ခဲ့ပါတယ်။