ဂျာမနီမှာ AFG ပါတီ က ဥက္ကဌ နေရာအတွက် ပူးတွဲခန့်အပ်

  • 2 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption AfD ကို ဆန့်ကျင် ဆန္ဒပြနေကြပြီ

ဂျာမနီမှာ Alternative for Germany AfD ဟာ ရွေးကောက်ပွဲပြီး နောက်ပိုင်း ပထမဆုံးကျင်းပတဲ့ ပါတီ ညီလာခံ အစမှာ Alexander Gauland နဲ့ Joerg Meuthen တို့ကို ဥက္ကဌနေရာ ပူးတွဲ ထမ်းဆောင်ဖို့ တင်မြှောက်ခဲ့ပါတယ်။

အခုလို ဂေါင်းလန့်နဲ့ မွေတွန်တို့ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ အတွက် AfD ပါတီဟာ အမျိုးသားရေး ဝါဒီ ပိုဆန်လာပြီး အစ္စလာမ် ဘာသာဆန့်ကျင်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ဘာလင်က ဘီဘီစီ သတင်းထောက်ကပြောပါတယ်။

ဒါ့အပြင် အစိုးရညွှန့်ပေါင်း အဖွဲ့အတွင်း တနေ့နေ့မှာ ၀င်ရောက်ဖို့ မျှော်လင့်နေတဲ့ ပါတီတွင်းက အလယ်အလတ် ဝါဒီ အတွက်လည်း အဟန့်အတား ဖြစ်သွားစေခဲ့တယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ AfD ပါတီဟာ ပါလီမန်တွင်း အမတ်နေရာတွေကို အနိုင်ရခဲ့ပြီးတဲ့နောက် ပထမဆုံး ကျင်းပတဲ့ ပါတီညီလာခံလည်း ဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်းက ဟန်နိုဗာ မြို့မှာ ကျင်းပတဲ့ ဒီညီလာခံကို ဖက်ဆစ်ဆန့်ကျင်ရေး ဆန္ဒပြသမားတွေက ဝင်နှောက်ယှက်ဖို့ ကြိုးစားခဲ့တာကြောင့် ရဲနဲ့ ဆန္ဒပြသူတွေ ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

AfD ဟာ ရွေ့ပြောင်း၀င်ရောက်လာသူတွေကို လက်ခံဖို့ ဆန့်ကျင်တဲ့ အမျိုးသားရေး ဝါဒီ ဆန်တဲ့ ပါတီ ဖြစ်ပြီး ၂၀၁၃ ကမှ စထူထောင်ခဲ့တာလည်း ဖြစ်ပါတယ်။