ရွေးကောက်ပွဲ၀င်ပြိုင်မယ့် အီဂျစ်၀န်ကြီးချုပ်ဟောင်း ပျောက်နေ

  • 3 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အီဂျစ် ၀န်ကြီးချုပ်ဟောင်း အာမက် ရှဖစ်ခ် ဘယ်မှာလဲလို့ မိသားစု၀င်တွေ မေးခွန်းထုတ်နေ

UAE နိုင်ငံ ကနေ နေရပ် ပြန်ပို့ခံပြီးပျောက်နေတဲ့ အီဂျစ် ၀န်ကြီးချုပ်ဟောင်း အာမက် ရှဖစ်ခ် ဟာ အီဂျစ် ရုပ်မြင်သံကြား ဌာနနဲ့ ဖုန်းပေါ်ကတဆင့် အင်တာဗျူး လုပ်ခဲ့ပါတယ်။

မစ္စတာ ရှဖစ်ခ် တယောက် ပြန်ပေးဆွဲခံရတယ် ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကြေညာခဲ့တဲ့ နောက်နှစ်ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် သူ့အစီအစဉ်ကို အခုအခါ ပြန်စဉ်းစားဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။

မစ္စတာ ရှဖစ်ခ် ဟာ ယူအေအီး နိုင်ငံမှာ ငါးနှစ်ကြာ နေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့တုန်းက နေရပ်ရင်း ဖြစ်တဲ့ အီဂျစ်ကို ပြန်ပို့ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် အီဂျစ်ကို ပြန်ရောက်ပြီးကတည်းက သူ့ဆီကနေ ဘာမှ သတင်းမကြားတော့ဘူးလို့ မိသားစုဝင်တွေက ပြောနေပါတယ်။

သူ့ရှေ့နေကတော့ မစ္စတာ ရှဖိခ် ကို ကိုင်ရိုက ဟော်တယ် တခုမှာ တွေ့ခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။