အမျိးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု

  • 6 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် ထာဝရ ဖဲကြိုးဖြူ
Image caption အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှု

အမျိးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ရက်နေ့ကစလို့ မြန်မာနိုင်ငံ တဝန်းမှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အကြမ်းဖက်ခံရတဲ့ ပုံစံမျိုးစုံတွေထဲက အမျိုးသမီးတွေဟာ အက်ဆစ်နဲ့အပက်ခံရတာ၊ ကတ်ကြေးနဲ့ ထိုးခံရတာ လို အကြမ်းဖက်မှုတွေ ကြုံတွေ့နေရပါတယ်။ ဒါတွေကို အမျိူးသားတွေက အများစု ကျူးလွန်တာ ဖြစ်ပြီ ခံရသူ အများစုကတော့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နာကျင်တာတွေ ကြုံရပါတယ်။

ချစ်သူကနေ ကတ်ကြေးနဲ့ ထိုးလို့ မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသူ မအိပြည့်စုံက အခုချိန်ထိ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ ခံစားနေရသေးတယ်လို့ ပြောပါတယ်။

Legal Clinic Myanmar အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရတဲ့ ပြသနာတွေထဲမှာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ လိင်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကတော့ ဒုတိယနဲ့ တတိယ နေရာမှာ ရှိနေပါတယ်။

အကြမ်းဖက်ခံရသူ အများစုဟာ စိတ်မလုံခြုံမှုနဲ့ ပတ်ဝန်းကျင် ရိုက်ခတ်မှုဒဏ်တွေကို ခံစားရတာမို့ ဒီခံစားချက်ကို ဖျောက်ပီး ကဘဝကို ရှေ့ဆက်သင့်တယ်လို့ မအိပြည့်စုံက ပြောပါတယ်။

အမျိူးသမီးအခွင့်အရေး လှုပ်ရှားသူ မနန်းဖြူဖြူလင်းကလည်း အကြမ်းဖက်တာကို လျစ်လျူရှုထားတာက သွယ်ဝိုက် အကြမ်းဖက်မှုမြောက်ကာ ကိုယ်တိုင်ကျူးလွန်သလိုဖြစ်တယ်ဆိုပြီး ဘီဘီစီကို ပြောပါတယ်။