ကာချုပ်လာတာကို နီပေါမှာ ဝေဖန်

  • 12 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Min Aung Hlaing
Image caption နီပေါရောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လာရောက်ဖို့ ဖိတ်ခေါ်တဲ့ နီပေါ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို နီပေါနိုင်ငံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ပါတယ်။

လူမျိုးစု ရှင်းလင်းရေး လုပ်ဆောင်နေတယ် လို့ စွပ်စွဲ ခံထားရတဲ့ စစ်ခေါင်းဆောင်တဦးကို ကြိုဆိုတာ နီပေါရဲ့ လူ့အခွင့်အရေး အာမခံချက်ကို ထိခိုက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ ဂိုဝင်ဒါ ဘန်ဒီက ပြောပါတယ်။

ရိုဟင်ဂျာတွေ လူမျိုးရှင်းလင်းခံရလို့ ကန်ဆို

ဗိုလ်ချုပ်မှူးကြီး အာဆီယံ လက်နက်ပြပွဲ တက်ရောက်

မြန်မာစစ်တပ်အကြီးအကဲ အပေါ် ကန့်သတ်မှု အီးယူချမှတ်

ဓာတ်ပုံ မူပိုင် Min Aung Hlaing
Image caption နီပေါ စစ်တပ် ဖိတ်ကြားချက်နဲ့ ဗိုလ်ချုပ်မှူးကြီး အလည်အပတ် ရောက်

ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဥရောပ ခရီး ထွက်နေ

အိန္ဒိယနဲ့ မြန်မာ စစ်ဖက်ဆက်ဆံရေး အနေအထား

ရာထူးအပြောင်းအလဲ ဖြစ်သွားတဲ့ တပ်မတော် အရာရှိတွေ အကြောင်း

တိုင်းရင်းသား တွေအပေါ် ပြောခဲ့တဲ့ တပ်ချုပ်ရဲ့ စကား ကို ဝေဖန်

နီပေါ စစ်တပ် အကြီးအကဲ ရာဂျန်ဒါ ချပ်ထရီရဲ့ ဖိတ်ကြားချက်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ နီပေါကို ၄ ရက်ကြာ အလည်အပတ် ရောက်ရှိနေတာပါ။

သူပုန်တပ်ဖွဲ့ဝင်တွေကို နီပေါစစ်တပ်အတွင်း ဝင်ရောက်ခွင့်ပေးတာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို မြန်မာ စစ်ခေါင်းဆောင်နဲ့ မျှဝေခဲ့တယ်လို့ နီပေါ စစ်တပ် ပြောခွင့်ရက ဘီဘီစီကို ပြောပါတယ်။