ဒီဇင်ဘာလအထိ ဒုက္ခသည် လူစီးကြောင်း ဆက်ရှိနေခဲ့

  • 1 ဇန်နဝါရီ 2018
Image caption လူစီးကြောင်း ဆက်ရှိခဲ့

၂ဝ၁၇ ဒီဇင်ဘာလထဲမှာ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် နှစ်ထောင့် ခုနှစ်ရာကျော် ဆက်ရှိ နေခဲ့တယ်လို့ အဲဒီဘက်မှာ ကောက်ခံကြည့်တဲ့ စစ်တမ်းတွေက ဆိုပါတယ်။

ရိုဟင်ဂျာ မိသားစု ခုနှစ်ရာ့ရှစ်ဆယ်ကျော် ကော့ဆက်ဘဇားနယ်ထဲ ဝင်ရောက် ခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူ လက်မှတ် ရေးထိုးပြီး နောက်ပိုင်းမှာကို အဲဒီလို လူစီးကြောင်း ဆက်ရှိ နေတာ ဖြစ်တယ်လို့ တက်နက်ဖ် ခရိုင် အရာရှိတွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် နာမည်ကြီး သတင်းစာ ပရိုသွမ် အာလိုက ရေးပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဒီအချိန်မှာပဲ၊ ကုလသမဂ္ဂရဲ့ ဂြိုဟ်တု ဓာတ်ပုံ စီမံကိန်းက ရရှိတဲ့ အချက်အလက်တွေ အရ ဆိုရင် ဩဂုတ်လ နှောင်းပိုင်းကနေ နိုဝင်ဘာလ နှောင်းပိုင်းအထိ ရိုဟင်ဂျာရွာတွေ ရာနဲ့ချီပြီး မီးလောင် ခံခဲ့ရတာကို ပြသနေတယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

မီးလောင်ခံရတဲ့ နေရာတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်း တောင်ကုန်းဒေသတွေက တောက်ဘက် စစ်တွေ အနီးက ကမ်းခြေဒသတွေ အထိ ၆၈ မိုင် အတိုင်းအတာအထိ တောက်လျှောက် ရှိနေတယ်လို့လည်း ဆိုပါတယ်။

Image caption ရွာတွေ ရာနဲ့ချီပြီး မီးလောင် ခံခဲ့ရ

ရိုဟင်ဂျာ ရွာပေါင်း ၃၅၄ ရွာအထိ ရွာလုံးကျွတ်ဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးခံခဲ့ရတာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာအဖွဲ့ ဖြစ်တဲ့ HRW က ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပြောထားပါတယ်။

မီးလောင်မှုတွေဟာ အာဆာ လက်နက်ကိုင်တွေက ဖြစ်စေ၊ ရိုဟင်ဂျာ ရွာသားတွေကိုယ်တိုင် ဖြစ်စေ ကျူးလွန်တာ ဖြစ်ပြီး၊ အတင်းအဓမ္မ မောင်းမထုတ်ရပါပဲ တစ်ဘက်နိုင်ငံကို ဦးတည် ထွက်ခွာနေကြတာ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေ ဘက်က ဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ