ကိုယ်တွေ့ လွတ်လပ်ရေးတိုက်ပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုယ်တွေ့ လွတ်လပ်ရေးတိုက်ပွဲ

  • 4 ဇန်နဝါရီ 2018

ဒီကနေ့ဟာ ဗြိတိသျှကိုလိုနီ လက်အောက်ကနေ မြန်မာပြည် လွတ်လပ်ရေးရခဲ့တာ နှစ်ပေါင်း ၇၀ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။

လွတ်လပ်ရေး တိုက်ပွဲဝင်ကာလအတွင်း ရွှေဘိုမြို့ကနေ ဗမာ့ လွတ်လပ်ရေး တပ်မတော် ဘီအိုင်အေ ထဲဝင်ရောက်ပြီး ဂျပန်တွေကို တော်လှန်ခဲ့တဲ့ တိုက်ပွဲတွေမှာ ပါခဲ့တဲ့ ဦးသန်းညွန့်ဟာ အခုတော့ အသက် ၉၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။

လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့် ဖြစ်တဲ့ ဦးသန်းညွန့်ဟာ အခုထိ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ရွှေဘိုမြို့မှာပေါ်မှာပဲ မိသားစုနဲ့အတူ နေထိုင်လျက်ရှိပါတယ်။

လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ အတွေ့အကြုံတွေ၊ ဘီအိုင်အေ တပ်ထဲကို ဝင်ရောက်ခဲ့ပုံတွေနဲ့ အဲ့ဒီတုန်းက ခေါင်းဆောင်တွေရဲ့ ခံယူချက်တွေအကြောင်းကို ဦးသန်းညွန့်က ခုလို ပြန်ပြောင်းပြောပြပါတယ်။

ဆက်စပ် အကြောင်းအရာများ