IFC အလုပ်ရုံဆွေးနွေးပွဲကို မြစ်ကြီးနားဒေသခံတွေ ကန့်ကွက်

  • 6 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဆန္ဒပြပွဲတွေကြောင့်မြစ်ဆုံ ဆည် စီမံကိန်း ယာယီ ရပ်ဆိုင်း ထားခဲ့။

ကမ္ဘာ့ဘဏ်အဖွဲ့ခွဲ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး အထက်ဧရာဝတီ မြစ်ဝှမ်းဒေသ ရေအားလျှပ်စစ် ကဏ္ဍအတွက် မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ဆန်းစစ်ချက်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကမ္ဘာ့ဘဏ် အဖွဲ့ခွဲ နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က ဦးဆောင်ပြီး စွမ်းအင်နဲ့ လျှပ်စစ်ဝန်ကြီးဌာန နဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၄ခု တို့ ပူးပေါင်း ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပြုလုပ်ရာမှာ ဒေသခံ အဖွဲ့အစည်းတွေကို အသိပေး ပြောဆိုမှုမရှိဘဲ ပွဲကျင်းပဖို့မတိုင်ခင် ညပိုင်းမှ သိရှိရလို့ ကန့်ကွက် ဆန္ဒပြကြတာဖြစ်ပြီး ဆန္ဒပြခွင့်ကို သက်ဆိုင်ရာကို အချိန်မီ မတင်နိုင်ခဲ့တာကြောင့် အာဏာပိုင် တွေက တားမြစ်တာကို ကြုံခဲ့ရတာလို့ မြစ်ဆုံဒေသခံ အောင်မြင်သာ ပြောင်းရွှေ့စခန်းမှာ နေထိုင်တဲ့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကလည်း ကမ္ဘာ့ဘဏ်အဖွဲ့ခွဲ IFC ဦးဆောင်မှုနဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ပါသေးတယ်။

IFC ရဲ့ အလုပ်ရုံဆွေးနွေးပွဲ တွေဟာ မြစ်ဆုံဒေသ ရေအားလျှပ်စစ် စီမံကိန်းတွေ ပြန်လည်စတင်နိုင်ဖို့ ရယ်ရွယ်လုပ်ဆောင်တာ ဖြစ်နိုင်တယ်ဆိုပြီး ဒေသခံတွေ က သံသယရှိနေကြတာပါ။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရက သူ့ရဲ့အစိုးရသက်တမ်းကာလအတွင်း ဆိုင်းငံ့ခဲ့တာဖြစ်ပြီး အခုအစိုးရက မြစ်ဆုံဒေသ ရေအားလျှပ်စစ်စီမံကိန်းတွေ ပြန်လည်စတင်မှာကို ဒေသခံတွေဖက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဘီဘီစီ တဝန်း