မြ၀တီက လောင်းကစား ရုံတွေပိတ်ရေး ဆန္ဒပြ

  • 22 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် PA
Image caption ဂိမ်းဆိုင်တွေ အပါ အ၀င်၊ လောင်းကစားပွဲ တွေဟာ နေရာပေါင်း ၇၀ ကျော်ရှိ တဲ့အပြင်

ကရင် ပြည်နယ် မြ၀တီ မြို့မှာ ရာဇ၀တ် မှုတွေ ထူပြော နေလို့ ကာစီနို အပါ အ၀င်၊ လောင်းကစား ရုံတွေကို လုံး၀ ပိတ်သိမ်း ပေး ဖို့ မြ၀တီ မြို့ခံတွေဟာ တနင်္ဂနွေနေ့က မြို့တွင်းမှာ စီတန်း လှည့်လည် တောင်းဆို မှုတွေ ပြုလုပ်ခဲ့ ပါတယ်။

မြ၀တီမြို့သူ မြို့သားတွေနဲ့ သံဃာတွေ ပူးပေါင်းပြီးတော့ မြ၀တီမြို့က လောင်းကစားရုံတွေကို လုံးဝ ပိတ်ပေးဖို့ တောင်းဆို ရတာဟာ လောင်းကစားမှုတွေနဲ့ ဆက်စပ်ပြီး၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ လိမ်လည်မှု၊ ခါးပိုက်နှိုက် မှုတွေနဲ့ ဖေါက်ထွင်း မှုတွေ မြ၀တီမြို့မှာ များလာ နေတာကြောင့်လို့ မြို့ခံတွေ ကပြော ပါတယ်။

ဆန္ဒဖေါ်ထုတ် သူတွေဟာ မြ၀တီ မြို့ပေါ်မှာ ဖွင့်လှစ် ထားတဲ့၊ ဂိမ်းဆိုင်တွေ၊ ဇာတ်ပွဲတွေ သွင်းပြီး ဖွင့်တဲ့ ဒေသ အခေါ် အာဝါဒေး ဆိုတဲ့ လောင်းကစား ပွဲတွေနဲ့ ကာစီနို လောင်းကစား ရုံတွေကို လုံးဝ ပိတ်ပေး ဖို့ မြို့တွင်း လှည့်လည် တောင်း ဆို ခဲ့ကြ ပါတယ်။

မြ၀တီ မြို့တွင်းမှာ ဂိမ်းဆိုင်တွေ အပါ အ၀င်၊ တခြား လောင်းကစားပွဲ တွေဟာ နေရာပေါင်း ၇၀ ကျော်ရှိ တဲ့အပြင်၊ရပ်ကွက် တွေ မှာလည်း၊ အာဝါဒေး အတွက် ဇာတ်ပွဲတွေ သွင်းတယ်လို့ ဆိုပါတယ်။

ဆိုးကျိုးတွေကို ဖြစ်စေတဲ့ လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ထားသူတွေနဲ့ ပတ်သက်သူတွေကို တိုက်ရိုက်ပြောဆိုတိုင်တန်းဖို့ လူထုတွေမှာ အခက်အခဲ ရှိတာကြောင့် ဒီလိုလူစု လူဝေးနဲ့ ဆန္ဒ ထုတ်ဖေါ်တောင်းဆို ကြတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ