ရိုဟင်ဂျာတွေ ပြန်လာနိုင်ရေး မြန်မာအပေါ် ကုလ တိုက်တွန်းပြန်

  • 23 ဇန်နဝါရီ 2018
Image caption ဒုက္ခသည် လွှဲပေးရေး ကြန့်ကြာနေ

ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်နိုင်ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေ အခုအချိန်ထိ ကင်းမဲ့နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ထောက်ပြ ပြောဆို လိုက်ပါတယ်။

အကူအညီပေးရေး အဖွဲ့တွေ အပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ဆက်လက် ရှိနေဆဲ ဖြစ်ပြီး၊ သတင်းမီဒီယာတွေနဲ့ စောင့်ကြည့်ရေး အဖွဲ့တွေလည်း လွတ်လွတ် လပ်လပ် သွားလာခွင့် မရှိ သေးဘူးလို့ ကုလသမဂ္ဂက ဆိုပါတယ်။

ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာနိုင်ရေး အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေမျိုးတွေကို မြန်မာ အာဏာပိုင်တွေဘက်က စစ်စစ်မှန်မှန် ဖြည့်ဆည်း ပေးဖို့ ထပ်မံ တိုက်တွန်း လိုက်တယ် ဆိုပြီး ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ UNHCR ရဲ့ ပြောခွင့်ရ အေဒရီယန် အက်ဒ်ဝပ်စ်က ဂျနီဗာမြို့မှာ သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။

Image caption အကူအညီပေးရေး အဖွဲ့တွေ အပေါ် ကန့်သတ် ထိန်းချုပ်မှုတွေ ဆက်လက် ရှိနေ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်က အကြံပြု ထားတာတွေကို အပြည့်အဝ အကောင်အထည် ဖော်ဖို့လည်း အင်မတန် အရေးကြီး ကြောင်းလည်း ကုလသမဂ္ဂက ထပ်လောင်း ပြောဆို ခဲ့ပါတယ်။

ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ရာ အထောက်အကူ ဖြစ်စေဖို့ ဆိုပြီး မြန်မာ အစိုးရက ခန့်အပ်ထားတဲ့ အကြံပေးအဖွဲ့ရဲ့ ခေါင်းဆောင် ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ဆာသီယန် ထိုင်း မြန်မာပြည်မှာ ရောက်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ ကိစ္စနဲ့ မြန်မာခေါင်းဆောင်တွေ ရုံးတင်ခံရနိုင်

ဒုက္ခသည် လွှဲပြောင်းရေး စတင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘောတူထားတဲ့ ဇန်နဝါရီ ၂၂ ရက် နေ့မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည် ဝင်ရောက် လာတာမျိုး တကယ် မရှိ သေးပါဘူး။

ဒုက္ခသည် ပြန်လည် လက်ခံရေးကို သတင်းယူဖို့ ဘီဘီစီ သတင်းထောက်တွေ အပါအဝင် ပြည်တွင်း မီဒီယာတချို့ အစိုးရ အစီအစဉ်နဲ့ ရခိုင် မြောက်ပိုင်းကို ရောက်ရှိ နေပါတယ်။

ဆက်စပ် အကြောင်းအရာများ