ဆေးရုံတက်နေသူ ၈ ဦး ဖမ်းဆီးခံရ

  • 24 ဇန်နဝါရီ 2018
Image caption ဒဏ်ရာနဲ့ ဆေးရုံတက် နေရသူတွေကို ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ခဲ့တဲ့ အုံကြွမှုတွေနဲ့ ပတ်သက်ပြီး လူ ၈ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီး ခံရသူတွေဟာ အခင်းဖြစ်တုန်းက လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် ဒဏ်ရာနဲ့ ဆေးရုံတက် နေရသူတွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သူတို့ကို စစ်တွေမြို့ ဆေးရုံအချုပ်ကို ရဲက ရွှေ့ခဲ့ပြီး ဘယ်သူနဲ့မှ တွေ့ခွင့် မပေးပဲ ထားတယ်လို့ ဆိုပါတယ်။

အချုပ်ထဲပို့ ခံလိုက်ရသူတွေဟာ ဆေးကုသမှု ဆက်လက် လိုအပ်နေတယ်လို့ မိသားစုဝင် တချို့က ပြောပါတယ်။

Image caption ရခိုင်မင်းဆက် အဆုံးသတ်ခဲ့တဲ့ အမှတ်တရပွဲကို ပိတ်ပင်ရာက အဓိကရုဏ်းဖြစ်

မြောက်ဦး ဆေးရုံမှာ တက်ရောက် ကုသနေတဲ့ လူနာ လေးဦးထဲက သုံးဦး ထွက်ပြေး တိမ်းရှောင် သွားကြောင်း ကြားသိ ရတယ်လို့လည်း ဘီဘီစီသတင်းထောက်က ဆိုပါတယ်။

မြောက်ဦး ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်သူတွေကို အရေးယူမယ်လို့ ရခိုင်ပြည်နယ် အစိုးရက ထုတ်ဖော် ပြောဆိုတဲ့ နောက်ပိုင်း အခုလို ဖမ်းဆီးတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

မြောက်ဦး အုံကြွမှု ပစ်ခတ် ဖြိုခွဲ ခဲခဲ့ရမှုမှာ လူ ၇ ယောက် သေဆုံးခဲ့ရပြီး၊ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဆောင်ရွက်ပုံကို ရဲအာဏာပိုင်တွေ ပြန်လည် ဆန်းစစ် နေကြတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီးက ဘီဘီစီကို ပြောဆို ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ