လူ ၃ ဦး ထွက်ပြေးသွားတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးပြော

  • 30 ဇန်နဝါရီ 2018
Image caption မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရမှု ရဲက စုံစမ်းနေ

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဇန်နဝါရီ ၃ဝ ရက် အင်္ဂါနေ့က အသတ်ဖြတ် ခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို အတည်ပြုပါတယ်။

ပုဏ္ဏကျွန်းမြို့နယ် အဝင်မှာ အသတ် ခံခဲ့ရတာ ဖြစ်ပြီး၊ ရဲက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် နေတယ်လို့ ဆိုပါတယ်။

ကားပေါ်မှာ အသတ်ခံခဲ့ရတာ ဖြစ်ပြီး လူ ၃ ယောက် ထွက်ပြေး သွားခဲ့ကြတယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

Image caption စစ်တွေမှာ လုံခြုံရေး တိုးမြှင့်ထား

သေဆုံးသူ ဦးဘိုဘိုမင်းသိုက်ဟာ မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရာထူး ကနေ ရခိုင်ပြည်နယ်ရုံး လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် ဇန်နဝါရီ ၁၉ ရက်နေ့က ပြောင်းရွှေ့ တာဝန် ပေးခံခဲ့ရသူ ဖြစ်ပါတယ်။

ဦးဘိုဘိုမင်းသိုက်ရဲ့ ရုပ်အလောင်းကို စစ်တွေ ဆေးရုံကြီးကို သယ်ဆောင်လာခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့တုန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ မြောက်ဦးမှာ လူ ၇ ယောက် သေဆုံး ခဲ့ရတဲ့ ဖြစ်ရပ်နဲ့ အခု လူသတ်မှု ဆက်စပ်မှု တစုံတရာ ရှိသလား ဆိုတာကို အာဏာပိုင်တွေ စုံစမ်း နေကြဆဲ ဖြစ်တဲ့အတွက် အတည်မပြု နိုင်သေးပါဘူး။

ဆက်စပ် အကြောင်းအရာများ