ရဲထိန်းသိမ်း ထားတဲ့ကား မီးရှို့ခံရ

  • 31 ဇန်နဝါရီ 2018
Image caption ဦးဘိုဘိုမင်းသိုက် အသတ် ခံရတာမှုကို မြောက်ဦး ဖြစ်စဉ်နဲ့ ဆက်စပ်ပြောဆိုမှုတွေ ရှိနေ

ပုဏ္ဍားကျွန်းမြို့နယ်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သတ်ဖြတ် ခံလိုက်ရတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘို မင်းသိုက်ရဲ့ကားဟာ သူ အသတ် ခံရပြီးနောက် ရဲက ထိန်းသိမ်းထားတဲ့ အချိန်မှာ မီးရှို့ခံလိုက်ရ ပါတယ်။

သူ သတ်ဖြတ် ခံရပြီး သုံးနာရီလောက် အကြာမှာ ရဲ တာဝန်ရှိသူတွေက ကားကို ကရိန်းနဲ့ ဆွဲယူပြီး စစ်တွေ ရန်ကုန် ကားလမ်းဘေး ပုဏ္ဍားကျွန်းမြို့နယ်က သရက်ချိုရွာနဲ့ ယိုးငူ ရွာ အကြားမှာ ထိန်းသိမ်းထားတုန်း မီးရှို့ခံရတာဖြစ်ပါတယ်။

ဒီမီးရှို့မှုကို ဘယ်သူ ဘယ်ဝါ လုပ်ဆောင်တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ပုဏ္ဍားကျွန်းမြို့နယ် ရဲတပ်ဖွဲ့ရုံးက ရဲမှူး ဘစုက ပြောပါတယ်။

အခုလို လူသတ်မှု ၊ ကားမီးရှို့မှုတွေကြောင့် အနီးအနားက ဒေသခံ ပြည်သူတွေ ကြားမှာ စိုးရိမ်မှုတွေလည်း ရှိနေကြ ပါတယ်။

ပုဏ္ဍားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင် ကတော့ ဦးဘိုဘိုမင်းသိုက် အသတ် ခံရတာဟာ မြောက်ဦး ဖြစ်စဉ်နဲ့ ဆက်စပ်နိုင် သလို အာဏာပိုင်တွေ နဲ့လည်း မပတ်သက်ဘူးလို့ ပြောလို့ မရနိုင်ကြောင်း ပြော ပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ မြို့နယ် အုပ်ချုပ်ရေးမှုး တစ်ယောက် ပထမဆုံးအကြိမ် အသတ်ခံရပြီး သူ့ကားကို ရဲက ထိန်းသိမ်း ထားစဉ် မီးပါ အရှို့ခံရတဲ့ အတွက် အခြေအနေက ပိုမို ရှုပ်ထွေး လာတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ