ပုသိမ်နားက ဒေါ်စုကျွန်း

  • 1 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Soe Moe
Image caption ရေကြည်လင်လှပပြီး သဘာ ဝကျောက်တန်း များစွာလည်းရှိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဂျိတ်လတ် ကျေးရွာအနီးမှာရှိတဲ့ ပန်းတမော့ကျွန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေဖြင့် The Lady Island လို့ ပြောင်းလဲ သတ်မှတ်ဖို့ ဒေသခံတွေက စီစဉ်နေပါတယ်။

ရွှေသောင်ယံကမ်းခြေနဲ့ မိုင်ဝက်အကွာ ဧရိယာ ၄၆.၅၄ ဧက ကျယ်ဝန်းပြီး လူသူမနေဘဲ သဘာဝအတိုင်း ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ပန်းတမော့ကျွန်းကို ဒေသခံတွေရဲ့ သဘောတူညီမှုအရ The Lady Island အဖြစ် ပြောင်းလဲ သတ်မှတ်ဖို့ ပြင်ဆင်နေတယ်လို့ ဂျိတ်လတ်ကျေးရွာရဲ့ ကျေးရွာခွဲ ခေါင်းဆောင် ဦးရန်နိုင်က ပြောပါတယ်။

ခုလိုနာမည်ပေး ဂုဏ်ပြုရတာက ဒေသခံတွေအတွက် ဒီကျွန်းက လေပြင်းဒဏ်မုန်တိုင်း တိုက်ခတ်မှုဒဏ်က ကာကွယ်ပေးတဲ့ ကျွန်းဖြစ်လို့ဆိုပြီး သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒပ်ဘလင်မြို့ ဂုဏ်ထူးဆောင်ဆု ပြန်ရုပ်သိမ်း ခံရ

ဟားဗတ် လူသားချင်းစာနာမှု ဆု ဒေါ်စု ရယူ

ဒေါ်အောင်ဆန်း စုကြည် Willy Brandt ဆုရယူ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မစ္စတာ တေလာဆင် သတင်းစာရှင်းလင်းပွဲ
ဓာတ်ပုံ မူပိုင် Soe Moe
Image caption လူသူမနေဘဲ သဘာဝအတိုင်း ထိန်းသိမ်းထား

ဒီကျွန်းက ဒေသခံတွေတန်ဖိုးထားတဲ့ကျွန်းဖြစ်ပြီး ကျွန်းရဲ့ကမ်းစပ်ဟာ ရေကြည်လင် လှပပြီး သဘာ ဝကျောက်တန်း များစွာလည်းရှိ ကျွန်းပေါ် တောအုပ်ထဲမှာလည်း သဘာ၀ တောကောင်ငယ်တွေလည်း ရှိတယ်လို့ ဂျိတ်လတ် ကျေးရွာခံတွေက ပြောပါတယ်။

ပန်းတမော့ကျွန်းကို ခုလို နာမည်ပြောင်းလဲ သတ်မှတ်ဖို့ တိုင်းလွှတ်တော်ကို တင်ပြလာရင်လည်း ကန့်ကွက်စရာလည်း မရှိပါဘူးလို့ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက ပြောပါတယ်။

The Lady Island လို့ ပြောင်းလဲ သတ်မှတ်မယ့် အမည်နဲ့လိုက်ဖက်ဖို့ အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တု ထွင်းထုထားရှိဖို့လည်း ပြင်ဆင်နေတယ်လို့ ဦးရန်နိုင်က ပြောပါတယ်။