စစ်ရှောင် စခန်းက ကချင်တွေကို စစ်တပ်ဖမ်း

  • 4 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption ကချင် စစ်ရှောင် ဒုက္ခသည်စခန်းတခု

ဇန်နဝါရီ ၃၁ ရက်က ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်စစ်ရှောင် ဒုက္ခသည်စခန်းက ကချင် တိုင်းရင်းသား ၂ယောက်ကို ရှေ့တန်းရောက် အစိုးရစစ်တပ်က ဖမ်းဆီးသွားတာ ပြန်မလွှတ်သေးတဲ့အတွက် မိသားစုဝင်တွေ စိတ်ပူ နေကြပါတယ်။

မံစီမြို့နယ် မိုင်ခေါင်စစ်ရှောင် ဒုက္ခသည် စခန်း ၂ခုဖြစ်တဲ့ ကေဘီစီနဲ့ အာစီ စခန်း ၂ ခုက အသက် ၆၀ ကျော်အရွယ် ဦးဖေါ်ဂန့်ရော်နဲ့ အသက် ၃၀ အရွယ် ကိုနော်ဆန်းတို့ ၂ ယောက် ကျွဲပျောက်ရှာသွားရင်း ရှေ့တန်းရောက် အစိုးရတပ်က ဖမ်းဆီး သွားတာ ၅ ရက်ကြာသွားပြီ ဖြစ်ပါတယ်။

သူတို့နဲ့ အတူ ပါသွားတဲ့ အမျိုးသမီး ၂ ယောက်ကိုတော့ တပ်က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သူတို့ကို ရှာဖွေလို့မရ ဖြစ်နေတယ်လို့ စခန်းမှာနေတဲ့ ဆွေမျိုးနီးစပ်သူတယောက်က ပြောပြပါတယ်။

မိုင်းခေါင်ရွာ အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ သူတို့လိုက်ရှာလို့ မလွယ်ကြောင်း ဆိုပါတယ်။

စစ်ရှောင် ကချင် ၃ ဉီး သတ်ခံရမှု အမှုဖွင့် စစ်ဆေး

ကချင်အရပ်သားတွေကို သတ်ဖြတ်တဲ့ တပ်မတော်သားတွေ ပြစ်ဒဏ်ကျ

Image caption စစ်ရှောင် ဒုက္ခသည်ကို စစ်တပ်က သတ်ဖြတ်ခဲ့

ကချင် ဒုက္ခသည် စခန်းက လူတွေကို အစိုးရက ဖမ်းခေါ်သွားနေ

ခပ်ပလန်ဘက်မှာ ကျွဲကျောင်းရင်း အဖမ်းခံရပြီး အဲဒီနေရာက မာရှယ်လောပုံစံမျိုး ထုတ်ထားလို့ ဘယ်သူမှမဝင်ရဲလို့ ရှာဖို့ခက်တယ် လို့လည်း ပြောပါတယ်။

၂၀၁၇ မေလ ၂၆ ရက်ကလည်း မိုင်ခေါင်စစ်ရှောင် ဒုက္ခသည်စခန်းကနေ ထင်းခွေသွားတဲ့ ဒေသခံ ၃ ယောက်ကို မံစီအခြေစိုက် ခမရ ၃၁၉ ကဖမ်းဆီးသွားပြီး သတ်လိုက်တဲ့ ကိစ္စရှိခဲ့တာမို့ မိသားစုဝင် တွေက စိတ်ပူ နေကြပါတယ်။

အဲဒီတုန်းက သတ်ဖြတ်မှုအတွက် ခမရ ၃၁၉ က တပ်ရင်းမှူး အပါအဝင် အရာရှိ ၄ ယောက်နဲ့ အကြပ်တပ်သား ၂ယောက်ကို ဇန်နဝါရီ ၁၉ ရက်က တပ်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁ဝ နှစ် စီရင်ချက်ချမှတ်ခဲ့ပါတယ်။