ထိုင်းက အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေကို လက်မှတ် လုပ်ပေးမယ်

  • 4 ဖေဖော်ဝါရီ 2018
Image caption မြန်မာ အလုပ်သမား ၄ သိန်း ကျော်လောက် စီအိုင် လုပ်ဖို့ ကျန်နေတယ် လို့ ကြေညာထား

ထိုင်းနိုင်ငံ ရောက် အထောက် အထား မရှိတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ် သမားတွေ အတွက် ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် (စီအိုင်)၊ နေထိုင်ခွင့် (ဗီဇာ)နဲ့ အလုပ် လုပ်ခွင့် (Work Permit) တွေကို တနေရာ ထဲမှာ ဖော်ဖော်ဝါရီ ၅ရက် ကနေ မတ် ၃၁ ရက်ထိ လုပ်ပေး မယ်လို့ ထိုင်း အလုပ် သမား ဝန်ကြီး ဌာနက ကြေညာပါ တယ်။

အရင်က စီအိုင်၊ နေထိုင်ခွင့်နဲ့ အလုပ် လုပ်ခွင့် တွေကို တနေရာစီ သီးခြား လုပ်ရတာပါ။ ဒီလို လုပ်ဆောင် ပေးဖို့ ထိုင်း နိုင်ငံက ခရိုင် ၇၇ ခု လုံးမှာ ရုံးတွေ မကြာခင် ဖွင့်သွား မှာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမား ၄ သိန်း ကျော်လောက် စီအိုင် လုပ်ဖို့ ကျန်နေတယ် လို့လည်း ကြေညာထား ပါတယ်။

ဒါပေမယ့်လည်း စာအုပ်စာတမ်း ကိစ္စ၊ စီအိုင် စခန်းတွေမှာ ကြိုတင် တုံကင် ယူရတဲ့ စနစ် နဲ့ ကိုယ်ရေး ရာဇဝင် ဖေါင် ဖြည့်ရတဲ့ အနေ အထားတွေ စတာတွေ အတွက် အလုပ်သမားတွေ ကုန်ကျ စရိတ် ရှိနေဦးမှာ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမှု အဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမား တွေကိုဖမ်းတဲ့ ဥပဒေသစ် ထိုင်းရွှေ့ဆိုင်း

ထိုင်း မြန်မာနယ်စပ်က မြန်မာကလေးတွေရဲ့ဘ၀ ပိုမိုကောင်းမွန်ဖို့ ထိုင်း ဆောင်ရွက်

နောက်ပြီး အလုပ်ရှင် သူဌေးရဲ့ ကိုယ်စားလှယ်က ပါဝင် ဆောင်ရွက် ရမှာ ဖြစ်တဲ့ အတွက် အေဂျင်စီ တွေကနေ အကျိုးဆောင်ခ ယူပြီး ခေါင်းပုံ ဖြတ်တာ မျိုးတွေလည်း ရှိလာ နိုင်တယ်လို့ ဆိုပါတယ်။

အလုပ်သမား ၄ သိန်း ကျော် အတွက် အခု သတ်မှတ် ထားတဲ့ အချိန်ဟာလည်း လုံလောက်မှု မရှိနိုင်ဘူးလို့ ဦးမိုးကြိုးက ပြောပါတယ်။

ထိုင်းမှာ ရှိတဲ့ မြန်မာ နိုင်ငံက အလုပ် သမား သံအရာရှိ ၅ ယောက်ဟာ ဒေသ အလိုက် မြန်မာ အလုပ်သမား အဖွဲ့ အစည်းတွေနဲ့ ပူးတွဲပြီး ကူညီ ဆောင်ရွက် ပေးမယ် ဆိုရင် အလုပ် သမားတွေ အတွက် သက်သာရာ ရနိုင် တယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ