ဘင်္ဂလားဒေ့ရှ်က ပြန်ပို့မယ့် ဒုက္ခသည်စာရင်း မြန်မာဘက်က စိစစ်နေ

  • 19 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်လည် လက်ခံ နေရာချထားရေးကို မြန်မာဘက်က အဆင်သင့် ဖြစ်နေပြီလို့ ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကနေ မြန်မာနိုင်ငံဘက်ကို ပြန်လာမယ့် ဒုက္ခသည် ၈ထောင်ကျော်ရဲ့ စာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက ပေးပို့ခဲ့အပြီးမှာ အဲဒီ စာရင်းကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက စတင် စိစစ်နေပြီ ဖြစ်ပါတယ်။

စိစစ်ပြီးရင် ဒီစာရင်းကို ဘင်္ဂလားဒေ့ရှ်ကို ပြန်ပို့မယ်၊ ပြန်ပို့ပြီးရင်တော့ အဲဒီလူတွေကို ပြန်လည် လက်ခံ နေရာချထားရေးတွေ စတင်မယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

ပြန်ပို့မယ့်လူစာရင်း မြန်မာကို ဘင်္ဂလားဒေ့ရှ်ပေး

သူတို့ကို လက်ခံရေး စခန်းနှစ်ခုမှာ အများဆုံး နှစ်ည ထားပြီးရင် လှဖိုးခေါင် ကြားစခန်း ကနေတဆင့် သူတို့ရဲ့ မူရင်းနေရာတွေဆီ ပြန်လည် နေရာ ချထားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်တွေ ကယ်ဆယ်ရေး စခန်းမှာ ခိုလှုံနေကြတဲ့ ဟိန္ဒူ မိသားစုတွေကို သူတို့နေထိုင်ရာ မောင်တောမှာ အိမ်တွေ ပြန်ဆောက်ပေးမယ် ဆိုပြီး ခေါ်လာခဲ့ပြီးမှ အိမ်တွေ မဆောက်ပေးတဲ့ အပြင် ရွာတွေကို အတင်း ပြန်ခိုင်းနေတဲ့အတွက် အထူး ဒုက္ခရောက် နေကြရတယ်လို့ သိရပါတယ်။

အဲဒီ ဟိန္ဒူလူမျိုး ၅၀၀ လောက်ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၂၅ ရက်နေ့က နယ်ခြားစောင့် စခန်း၃၀ တိုက်ခိုက် ခံရအပြီး ဆူပူ အကြမ်းဖက်မှု တွေကြောင့် မောင်တောမြို့နယ်က သူတို့နေထိုင်ရာ ကျေးရွာတွေကို စွန့်ခွာပြီး စစ်တွေ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ ကြရတဲ့သူတွေ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ