မိဘမဲ့ မြန်မာကလေးတွေကို နေထိုင်ခွင့် ထိုင်းထုတ်ပေး

  • 5 မတ် 2018
Image caption မြန်မာမိဘမဲ့ကလေးတွေ ထိုင်းမှာ နေထိုင်ခွင့်ရပြီ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာ မိဘမဲ့ကလေးတွေကို ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံက အထောက်အထား ကပ်ပြားတွေ ထုတ်ပေးလိုက်ပါတယ်။

ထိုင်း တနိုင်ငံလုံးမှာ ပဏာမ စစ်တမ်း ကောက်ယူချက်အရ မြန်မာမိဘမဲ့ မိဘမပြည့်စုံနဲ့ မိဘ စွန့်ပစ်ကလေးတွေ ၅ သောင်းကျော် ရှိပြီး သူတို့ဟာ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာအမျိုးမျိုးမှာ နေထိုင် နေကြရပါ တယ်။

အဲဒီ အထဲကအခု မဲဆောက်မြို့က SAW လို့ နာမည်ပေးထားတဲ့ ဂေဟာက၊ ကလေး ၅၀ ကျော်ဟာ ပထမဉီးဆုံး အနေနဲ့ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် အထောက်အထား ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒီကပ်ပြားဟာ ကလေးတွေကို ထိုင်းနိုင်ငံမှာ သူတို့ရဲ့ အနာဂတ် ရှင်သန်ခွင့် ပေးလိုက်တာ ဖြစ်ကြောင်း ၊ ကပ်ပြားပေါ်က၊ ဂဏာန်း ၁၃ လုံးဟာ၊ ထိုင်းနိုင်ငံက လူဉီးရေစာရင်းထဲ၀င် သွားပြီး သူတို့တွေ ဟာ၊ထိုင်းကလေးတွေ နည်းတူ အခမဲ့ ပညာသင်ယူတဲ့ အခွင့်ရေး၊ကျန်းမာရေးစောင့်ရှောက်မှုတွေရမှာ ဖြစ်သလို၊ပညာရေးအတွက် ချေးငွေတွေရနိုင်မှာ ဖြစ်တဲ့ အပြင် ဘွဲ့ရသွားရင်လည်း နိုင်ငံသားအဖြစ်လျှောက်ပြီး ရယူနိုင်တဲ့ အပြင် ထိုင်း နိုင်ငံသားတွေနဲ့ တန်းတူ အလုပ်အကိုင် ရရှိနိုင်တော့မှာ ဖြစ်တယ်လို့ ထိုင်းရှေ့နေများ ကောင်စီ၀င်ဟောင်း ၊နိုင်ဆူရဖုန် ကောင်ကျန်တစ် က ပြောပါတယ်။

ဒီကလေး တွေထဲက၊ ထိုင်းနိုင်ငံမှာ မွေးဖွားတဲ့ အထောက်အထားရှိပြီး၊ နိုင်ငံမဲ့ဖြစ်နေတဲ့သူတွေဟာ ထိုင်းနိုင်ငံသား အဖြစ် ဆက်ပြီး လျှောက်ထား ရယူနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ အခုလို မိဘမဲ့ ကလေးတွေရဲ့ အခွင့်အရေးကို ဆောင်ရွက်ပေးသလို၊ ယာယီနေထိုင်ခွင့် ကပ်ပြား ကိုင်ဆောင်ထားတဲ့ အသက်ကြီးသူတွေကိုတော့၊ အမြဲတန်း နေထိုင်ခွင့် ကပ်ပြားတွေကို ထုတ်ပေးမှာ ဖြစ်ကြောင်း၊အမြဲတန်းနေထိုင်ခွင့်ရပြီး ၅ နှစ်ကြာ ရင်တော့၊ထိုင်းနိုင်ငံသား အဖြစ်ကို လျှောက်ထား ရယူနိုင်တယ်လို့ နိုင်ဆူရဖုန် ကပြောပါတယ်။

ထိုင်း၊မြန်မာနယ်စပ် တလျှောက်မှာ ယာယီ နေထိုင်ခွင့်ကပ်ပြားတွေနဲ့ ကိုင်ဆောင်ထားတဲ့သူ တသိန်းကျော်ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ