စစ်ကိုင်း ပြတ်ရွေ့က ငလျင် လှုပ်ခတ်ပြန်

  • 11 မတ် 2018
ဓာတ်ပုံ မူပိုင် MOI
Image caption စစ်ကိုင်း ပြတ်ရွေ့ကို ကောင်းကင် ဓါတ်ပုံ ရိုက်ကူး မှုတွေ ပြုလုပ်ပြီး လေ့လာမှုတွေ လုပ်နေ

မတ်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီ နဲ့ မိနစ် ၄၀ မှာ တပ်ကုန်း မြို့ ရဲ့ အနောက်ဘက် ၁၈ မိုင် အကွာကို ဗဟို ပြုပြီး အင်အား ၃ ဒဿမ ၈ အဆင့် ရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပါတယ်။

မတ်လ ၈ ရက်နေ့ က လှုပ်ခတ်ခဲ့တဲ့ အင်အား ၅ ဒဿမ ၅ အဆင့် ရှိတဲ့ မြေငလျင် ရဲ့ နောက်ဆက်တွဲ မြေငလျင် လှုပ်ခတ် မှု ဖြစ်ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ က ပြောပါတယ်။

ဒီငလျင် တွေက မြန်မာ နိုင်ငံ ကို တောင်နဲ့ မြောက် ဖြတ်သွားတဲ့ စစ်ကိုင်း ပြတ်ရွေ့ ရဲ့ လှုပ် ခတ်မှု လို့ သိရပါတယ်။

၂၀၁၂ သပိတ်ကျင်း မြေငလျင် လှုပ်ခတ်ခဲ့ပြီး နောက်ပိုင်း စစ်ကိုင်း ပြတ်ရွေ့ ရဲ့ တခြား အပိုင်း တွေမှာ ငလျင် လှုပ်ခတ်ဖို့ အခြေအနေ ပိုများ လာတယ်လို့ ငလျင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့် က ပြောပါတယ်။

၁၈၃၉ ခုနှစ်၊ အင်းဝ ငလျင် ပြီးနောက်ပိုင်း စစ်ကိုင်း ပြတ်ရွေ့ကျောရဲ့ အမရပူရ၊ အင်းဝ နဲ့ နေပြည်တော် ပျဉ်းမနား ဘက်ခြမ်း ဒေသက ပြတ်ရွေ့ ကျော မှာ ငလျင် လှုပ်ခတ်မှု မရှိတဲ့ အတွက် ပိုသတိထားရမယ်လို့ သူက ဆိုပါတယ်။

ဂျပန် နိုင်ငံ က မြေငလျင် ပညာရှင်တွေ နဲ့ ပူးပေါင်းပြီး စစ်ကိုင်း ပြတ်ရွေ့ကို ကောင်းကင် ဓါတ်ပုံ ရိုက်ကူး မှုတွေ ပြုလုပ်ပြီး လေ့လာမှုတွေ လုပ်နေပါတယ်။

စစ်ကိုင်း ပြတ်ရွေ့ က မြန်မာ နိုင်ငံ ရဲ့ တောင်ဘက် မုတ္တမ ပင်လယ် ကနေ စတင်ပြီး ကီလိုမီတာ တစ်ထောင့် နှစ်ရာကျော် လောက် ရှည်လျား တဲ့ မြေငလျင် ပြတ်ရွေ့ ကြောင်း တစ်ခု ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ