ထရမ့်မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့တဲ့ အချက်အလက်ကုမ္ပဏီကို စစ်ဆေးမည်

  • 18 မတ် 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption Data Analytica Chief

မစ္စတာ ထရမ့် သမ္မတ မဲဆွယ်ရွေးကောက်ပွဲအတွက် အလုပ်လုပ်ပေးခဲ့တဲ့ ဒယ်တာ အချက်အလက် ခွဲခြားစိတ်ဖြာတဲ့ ကုမ္ပဏီကြီးဟာ ဖေ့ဘုတ် သုံးစွဲသူတွေရဲ့ သဘောတူညီမှုမရပဲ ပုဂ္ဂလိက အချက်အလက်တွေကို သိမ်းယူခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း မာဆာ ချူးစက် ပြည်နယ် တရားရုံးကနေ စုံစမ်းစစ်ဆေးသွားမယ်လို့အဲဒီ့ပြည်နယ် တရားရှေ့နေချုပ်က ပြောဆိုလိုက်ပါတယ်။

Data Analytica ဆိုတဲ့ အဲဒီ့ကုမ္ပဏီဟာ ဖေ့ဘုတ်သုံးစွဲသူ သန်း ၅၀ ဆီရဲ့ အချက်အလက်တွေကို ၀င်ရောက်ခဲ့တယ်လို့ ကုမ္ပဏီ ၀န်ထမ်းဟောင်းတစ်ဉီးက ပြောပါတယ်။

အဲဒီလို လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့တော့Data Anatytical ကုမ္ပဏီဘက်ကကော ဖေ့ဘုတ်ဘက်ကပါ ငြင်းဆိုထားသလို အချက်အလက်စုဆောင်းတာဟာ စည်းကမ်းဖောက်ဖျက်တာ မဟုတ်ဘူးလို့ ဖေ့စ်ဘုတ် ပြောခွင့်ရသူ ကပြောပါတယ်။

ဒါပေမယ့် အမေရိကန် ပြည်သူတွေအနေနဲ့ ဒီကိစ္စရဲ့ အဖြစ်မှန်ကို သိဖို့ ထိုက်တန်တယ်လို့ မာဆာချူးစက်ပြည်နယ် တရားရှေ့နေချုပ်မာရာဟီလီMaura Healey က ပြောပါတယ်။ ဖေ့စ်ဘုတ်ဟာ Data Antlytical ကုမ္ပဏီအကောင့်ကို သောကြာနေ့က ပိတ်ခဲ့တာဖြစ်ပါတယ်။