ကမ္ဘာအကောင်းဆုံး ဆရာဆု လန်ဒန်က ဆရာမ ဆွတ်ခူး

  • 19 မတ် 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာအကောင်းဆုံး ဆရာဆု ရသွားသူ Andria Zafirakou

လန်ဒန် မြို့က ကျောင်းတကျောင်းမှာ အနုပညာနဲ့အချုပ်အလုပ် ဆိုင်ရာ ဘာသာရပ်ကို သင်ကြားပေးတဲ့ ဆရာမ တယောက်ဟာ ကမ္ဘာ အကောင်းဆုံး ဆရာဆု ဆွတ်ခူးသွားပါတယ်။

Alperton Community School လို့ခေါ်တဲ့ အတန်းပညာနဲ့ အသက်မွေး၀မ်းကျောင်း ပညာတွဲသင် ပေးတဲ့ကျောင်းက ဆရာမ Andria Zafirakou ဟာ ဒူဘိုင်းမှာ အဲဒီဆု သွားယူရမှာဖြစ်ပြီး ဒေါ်လာတသန်းရမှာ ဖြစ်ပါတယ်။

မစ္စ ဇာဖီရာကူ ဟာ ဘာသာစကား ၃၅မျိုး တက်ကျွမ်းပြီး နိုင်ငံတကာက တပည့်ပေါင်းစုံကို သင်ပေးနေတဲ့ အပြင် ဒေသန္တရ ဆိုင်ရာ လူဆိုးဂိုဏ်းတွေရဲ့ လူစုဆောင်းမှုကနေ ကလေးတွေကို အကာအကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှေးရိုးဆန်တဲ့ လူမှု အသိုင်းအဝိုင်းက အမျိုးသမီးငယ်လေးတွေ အတွက် မိန်းကလေး သီးသန့် အားကစား ကလပ်တွေကိုလည်း ရှေ့ဆောင် လမ်းပြ ဖွဲ့စည်းပေးခဲ့တာကြောင့် အခုလို ဆုချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ