အမ်းက လယ်သမားတွေ တရုတ်ရေနံကုမ္ပဏီနဲ့ မြန်မာ့ရေနံကို ဆန္ဒပြ
မတ်လ ၂၂ ရက် နေ့လယ်က ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျေးရွာအုပ်စု ၉ စု လယ်သမား ၁၀၀၀ ခန့် တရုတ်ရေနံကုမ္ပဏီ CNPC နဲ့ မြန်မာရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း MOGE တို့ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အမ်းမြို့ပေါ်ထိ စုရုံး ချီတက်လာပြီး သူတို့ လိုလားချက်တွေကို ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
စကော့တလန် ရေနံ မြန်မာကို စိတ်ဝင်စား
မြောက်ကိုရီးယားကို တရားမဝင်ရေနံတင်ပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေကို တရုတ်ပယ်ချ
ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းထဲ ရေနံတွေ စစီးနေပြီ
တောင်သူလယ်သမားတွေ အမ်းမြို့ မြေစာရင်းရုံး ရှေ့မှာ စုရပ်လုပ်ပြီး ရန်ကုန်-စစ်တွေ ကားလမ်းမအတိုင်း ပိုစတာတွေ၊ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းထိ ချီတက်ပြီး ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ပျက်စီး သွားတဲ့ လယ်မြေတွေ ဥယျာဉ်ခြံမြေတွေ စားကျက်မြေ တွေကို လျော်ကြေးပေးဖို့ ပြည်နယ် အာဏာပိုင်တွေ ဘက်က သဘောတူထားပေမယ့် ကုမ္ပဏီတွေ ဘက်က ဘာမှ မဆောင်ရွက်တဲ့ နောက်ပိုင်းမှာ လမ်းပေါ်ထွက် ဆန္ဒပြတဲ့ အဆင့်ထိ ရောက်ရှိ လာတာ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင် ရေနံ စောင့်ကြည့်ရေး အဖွဲ့ အစီရင်ခံစာထုတ်
သုံးနှစ်အတွင်း ရေနံစိမ်းဈေး အမြင့်ဆုံး ခုန်တက်
တရုတ်အထိ သွယ်ယူနေတဲ့ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနဲ့ ပတ်သက်ပြီး ဝေဖန်နေ
ဒီအတွက် သူတို့ကို လျော်ကြေးပေးပြီးသား ဖြစ်ကြောင်း၊ ထပ်မံ တောင်းခံတဲ့ ကိစ္စကို အထက်အဆင့်ကို တင်ပြပြီး ဖြစ်တယ်လို့လည်း မြို့နယ် အာဏာပိုင်တွေဘက်က ပြောပါတယ်။
အခု ဆန္ဒပြတောင်းဆိုတဲ့ တောင်သူ လယ်သမားတွေဟာ ပထမ တစ်ကြိမ် လျော်ကြေးပေးတုန်းက မရလိုက်တဲ့သူတွေ ဖြစ်ပြီး ကုမ္ပဏီတွေဘက် လျော်ကြေးမပေးဘဲ ဆက်လုပ်နေမယ်ဆိုရင် နောင်မှာလည်း ဆန္ဒပြပွဲတွေကို ဆက်တိုက် လုပ်သွားမယ်လို့ ဆန္ဒပြ တောင်သူဦးကြီးတွေက ပြောဆိုကြပါတယ် ။